Connect with us

Hi, what are you looking for?

သတင်း

ကချင်တိုင်းရင်းသားများအပေါ် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ကုလသို့ မြန်မာသံအမတ်ကြီးပြော

မြန်မာစစ်တပ်သည် လက်နက်နှင့် ဆက်စပ်နည်းပညာများ ဆက်လက်ရရှိနေမည်ဆိုပါက မြန်မာပြည်သူများနှင့် ကလေးများအပေါ် ရက်စက် သော လူမဆန်သော တိုက်ခိုက်သတ်ဖြတ်မှုများကို ကျူးလွန်နေမည်မှာ မလွဲဧကန်ဖြစ်ကြောင်း သံအမတ်ကြီးက ပြောသည်။

ကချင်တိုင်းရင်းသားများအပေါ် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ကုလသို့ မြန်မာသံအမတ်ကြီးပြော
ကချင်တိုင်းရင်းသားများအပေါ် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ကုလသို့ မြန်မာသံအမတ်ကြီးပြော

▪️လက်နက်ရှိနေသရွေ့ အလားတူကျူးလွန်နေမည်ဖြစ်၍ စစ်တပ်ကို လက်နက်ရောင်းချမှုချက်ချင်းရပ်တန့်ရန် တိုက်တွန်း

စစ်တပ်က တိုင်းရင်းသားကချင်လူမျိုးစုအပေါ် လေကြောင်းမှတိုက်ခိုက်မှုအကြောင်း နှင့် လက်နက်ရှိနေသရွေ့ ဆက်လက်ကျူးလွန်မှုမျိုးလုပ်ဆောင်နေမည်ဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ၌ ပြောသည်။

ယမန်နေ့တွင် ကျင်းပသော (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ၏ ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုအစီအစဉ်၌ “အခြားလက်နက်ဖျက်သိမ်းရေး လုပ်ငန်းစဉ်များနှင့် နိုင်ငံတကာ လုံခြုံရေး” ခေါင်းစဉ်ဖြင့် မိန့်ခွန်းတစ်ရပ်ပြောကြားရာ ဖက်ဆစ်စစ်တပ်၏ ရက်စက်ယုတ်မာမှုများကို အစီရင်ခံခဲ့သည်။

ကချင်တိုင်းရင်းသားများအပေါ် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ကုလသို့ မြန်မာသံအမတ်ကြီးပြော
ကချင်တိုင်းရင်းသားများအပေါ် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ကုလသို့ မြန်မာသံအမတ်ကြီးပြော

အောက်တိုဘာ၂၃ ရက် ညပိုင်းတွင် အကြမ်းဖက် ဖက်ဆစ်စစ်တပ်သည် လွတ်လပ်သော ကချင်အဖွဲ့အစည်း (Kachin Independent Organization – KIO) ၏ ၆၂ နှစ်မြောက် နှစ်ပတ်လည်နေ့ ကျင်းပရာနေရာကို တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အနုပညာ ရှင်များ၊ အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် ပြည်သူအများအပြား သေဆုံးခဲ့ရကြောင်းနှင့် ယင်းတိုက်ခိုက်မှုသည် ဖက်ဆစ်စစ်တပ်၏ တိုင်းရင်းသား ကချင်လူမျိုးစုအပေါ် ရက်စက် ယုတ်မာသော ကျူးလွန်မှုဖြစ်ပြီး လူသားမျိုးနွယ်စုအပေါ် ကျူးလွန်မှုနှင့် စစ်ရာဇဝတ်မှု မြောက်ကြောင်း သံအမတ်ကြီးပြောသည်။

အဆိုပါတိုက်ခိုက်မှုသည် စစ်တပ်၏ တစ်ခုတည်းသော လူမဆန်သည့် ရက်စက်ယုတ်မာမှု မဟုတ်ဘဲ လွန်ခဲ့သည့် လပေါင်း (၂ဝ) ခန့်အတွင်း နိုင်ငံအတွင်းရှိ ပြည်သူများအပေါ် အကြိမ် (၂၄ဝ) ထက်ပိုသော လေကြောင်းတိုက်ခိုက်မှုများကို စစ်တပ်က ပြုလုပ်ခဲ့သည်ဟု ဆက်လက် အစီရင်ခံသည်။

Public Service Announcement

Public Service Announcement

ကချင်တိုင်းရင်းသားများအပေါ် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ကုလသို့ မြန်မာသံအမတ်ကြီးပြော
ကချင်တိုင်းရင်းသားများအပေါ် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ကုလသို့ မြန်မာသံအမတ်ကြီးပြော

မြန်မာစစ်တပ်သည် လက်နက်နှင့် ဆက်စပ်နည်းပညာများ ဆက်လက်ရရှိနေမည်ဆိုပါက မြန်မာပြည်သူများနှင့် ကလေးများအပေါ် ရက်စက် သော လူမဆန်သော တိုက်ခိုက်သတ်ဖြတ်မှုများကို ကျူးလွန်နေမည်မှာ မလွဲဧကန်ဖြစ်ကြောင်း သံအမတ်ကြီးက ပြောသည်။

ထို့အတွက် မြန်မာပြည်သူများ၏ အသက်များကို ကယ်တင်ပေးနိုင်ရေးအတွက် မြန်မာစစ်တပ်သို့ လက်နက်များ တင်ပို့ရောင်းချနေသည့် နိုင်ငံများအနေဖြင့် တင်ပို့ရောင်းချမှုများကို ချက်ချင်းရပ်တန့်ပေးပါရန် သံအမတ်ကြီးက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ကုလသမဂ္ဂ (UN)မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေးအတွက် ​ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ပါလီမန်အဆောက်အအုံရှေ့မှာ ပြည်ပရောက် မြန်မာတွေက ဒီကနေ့ (စက်တင်ဘာ ၁၂) ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

သတင်း

မုံရွာ–ချောင်းဦးလမ်းပိုင်းမှာ ပြည်သူတွေရဲ့ ၆ဘီးကားတွေကို အာဏာသိမ်းစစ်တပ်က ချောဆွဲထားကြောင်း ဒေသခံတွေက ပြောပါတယ်။