Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုမြို့အနီးရှိ နေအိမ်များနှင့် ဘာသာရေးအဆောက်အဦးများကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်နေ

အောက်တိုဘာ ၂၂ ရက်က ဖရူဆိုမြို့မရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲနေရာများကို တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ထုတ်ပြန်ထားသည်။

(PDF ဖရူဆိုမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - PDF Hpruso)
(PDF ဖရူဆိုမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - PDF Hpruso)

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့အနီးရှိ နေအိမ်များနှင့် ဘာသာရေးအဆောက်အဦးများကို အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေကြောင်း PDF ဖရူဆိုက ယနေ့(အောက်တို ဘာ ၂၅ ရက်) အသိပေး ထုတ်ပြန်သည်။

ထို့ကြောင့် ကင်းထောက်၊ကင်းစောင့်မှုများဖြင့် နေ့ညမပြတ် အသင့်လုံခြုံရေးယူထားသည်ဟု အသိပေးသည်။

“ဖရူဆိုမှာက လွန်ခဲ့တဲ့သုံးရက်လောက်က တိုက်ပွဲ ပြင်းထန်ထားတယ်။ပြီးတော့ အရင်လပိုင်းက တည်းက တိုက်ပွဲတော်တော်ဖြစ်ခဲ့တယ်။နောက်တစ်ခုက သူတို့ ဘက်က စစ်ကြောင်းထွက်ချင်လို့ နယ်မြေရှင်းတဲ့ ပုံစံမျိုးနဲ့ ပစ်ခတ်တာမျိုးလို့ ယူဆနိုင်တယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

အောက်တိုဘာ ၂၂ ရက်က ဖရူဆိုမြို့မရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲနေရာများကို တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ တစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူအများအပြားရှိပြီး လက်နက်ကြီးကျည်ကြောင့် ကရင်နီပူးပေါင်းတပ်ဖွဲ့၏ ဝံပုလွေပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဒီးမော့ဆို – ဖရူဆို လမ်းမကြီးကို ထိန်းချုပ်ရန်ကြိုးပမ်းနေပြီး ယခင်လအတွင်း၌ပင် ဖရူဆိုမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲ ၁၄ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။