Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုမြို့အနီးရှိ နေအိမ်များနှင့် ဘာသာရေးအဆောက်အဦးများကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်နေ

အောက်တိုဘာ ၂၂ ရက်က ဖရူဆိုမြို့မရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲနေရာများကို တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ထုတ်ပြန်ထားသည်။

(PDF ဖရူဆိုမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - PDF Hpruso)
(PDF ဖရူဆိုမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - PDF Hpruso)

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့အနီးရှိ နေအိမ်များနှင့် ဘာသာရေးအဆောက်အဦးများကို အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေကြောင်း PDF ဖရူဆိုက ယနေ့(အောက်တို ဘာ ၂၅ ရက်) အသိပေး ထုတ်ပြန်သည်။

ထို့ကြောင့် ကင်းထောက်၊ကင်းစောင့်မှုများဖြင့် နေ့ညမပြတ် အသင့်လုံခြုံရေးယူထားသည်ဟု အသိပေးသည်။

“ ဖရူဆိုမှာက လွန်ခဲ့တဲ့သုံးရက်လောက်က တိုက်ပွဲ ပြင်းထန်ထားတယ်။ပြီးတော့ အရင်လပိုင်းက တည်းက တိုက်ပွဲတော်တော်ဖြစ်ခဲ့တယ်။နောက်တစ်ခုက သူတို့ ဘက်က စစ်ကြောင်းထွက်ချင်လို့ နယ်မြေရှင်းတဲ့ ပုံစံမျိုးနဲ့ ပစ်ခတ်တာမျိုးလို့ ယူဆနိုင်တယ်” ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

အောက်တိုဘာ ၂၂ ရက်က ဖရူဆိုမြို့မရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲနေရာများကို တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ တစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူအများအပြားရှိပြီး လက်နက်ကြီးကျည်ကြောင့် ကရင်နီပူးပေါင်းတပ်ဖွဲ့၏ ဝံပုလွေပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဒီးမော့ဆို – ဖရူဆို လမ်းမကြီးကို ထိန်းချုပ်ရန်ကြိုးပမ်းနေပြီး ယခင်လအတွင်း၌ပင် ဖရူဆိုမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲ ၁၄ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လားရှိုးမြို့ထဲနဲ့ မြို့အနီးမှာ အာဏာသိမ်းစစ်တပ်ရော၊ MNDAAကပါ စစ်အင်အားတွေထပ်တိုးထားပြီး စစ်ရေးပြင်ဆင်မှုတွေလုပ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီဟာ တော်လှန်ရေးအားနည်းသွားအောင် ပွဲလမ်းသဘင်တွေကို ဗျူဟာအဖြစ်နဲ့ အသုံးချနေကြောင်း ဝါရင့် ဇာတ်သဘင် မင်းသားကြီး မိုးမင်းက ပြောကြားလိုက်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တောအူး (တောင်ငူ)ခရိုင် ဒေါ်ဖခို(သံတောင်)မြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့သံတွဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ဗုံးကြဲသွားတာကြောင့်နေအိမ် ၉လုံးပျက်စီးပြီး ဒေသခံ၂ဦးဒဏ်ရာရရှိခဲ့ပါတယ်။

Facebook