Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဈေးဝယ်လာသည့်စစ်ကောင်စီတပ်မိုင်းဆွဲခံရပြီးနောက်ရိခေါ်ဒါရ်မြို့ကို စစ်ကောင်စီတပ်မီးရှို့

စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြို့ခံအများစုသည်အိန္ဒိယနိုင်ငံဘက်ကိုထွက်ပြေး​နေရသည်ဟုလည်း​ဒေသခံအချို့ကပြောသည်။

( ရိခေါ်ဒါရ်မြို့ အမှတ် ( ၂ )ရပ်ကွက်မီး​လောင်​နေသည်ကို အ​ဝေးမှတွ့ရစဥ် ။ ။ဓါတ်ပုံ-CJ)
( ရိခေါ်ဒါရ်မြို့ အမှတ် ( ၂ )ရပ်ကွက်မီး​လောင်​နေသည်ကို အ​ဝေးမှတွ့ရစဥ် ။ ။ဓါတ်ပုံ-CJ)

ရိခေါ်ဒါရ်မြို့တွင် ဈေးဝယ်လာသည့် စစ်ကောင်စီတပ်ကားမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်သားအချို့​သေဆုံးထိခိုက်ခဲ့ပြီး​နောက်စစ်ကောင်စီတပ်ကရိခေါ်ဒါရ်မြို့ မီးရှို့ခဲ့ကြောင်း မြို့ခံများကပြောသည်။

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၊ အမှတ် ၂ ရပ်ကွက် တောင်ကုန်းပေါ်တွင်တပ်စွဲထားသည့်စစ်ကောင်စီတပ်ကားသည်ယနေ့(အောက်တိုဘာ ၂၆ ရက်)မနက်၈နာရီခန့်ကမြို့ပေါ်သို့ ဈေးဝယ်လာစဉ် ဒေသခံကာကွယ်ရေးတပ်များက အသင့်ဆင့်ထားသည့် မိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းမျက်မြင်​တွေ့ရှိ​သောဒေသခံများက​ပြောသည်။

“မိုင်းဆွဲခံရပြီး မြို့ထဲမှာ သောင်းကျန်းတယ်။ ဆိုင်တွေကိုလည်း ပိတ်ခိုင်းတယ်။ လူတွေကိုလည်း အိမ်ထဲမှာဘဲ နေခိုင်းတယ်။ မိုင်းဆွဲလို့သေသွားတဲ့ စစ်သားတွေကိုတင်ပြီး အိမ်တွေပါမီးရှို့ပစ်သွားကြတယ်”ဟု မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

မိုင်းဆွဲတိုက်ခိုက်ခံရပြီး​နောက်စစ်ကောင်စီတပ်ကလက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ပြီး အမှတ်( ၂) ရပ်ကွက်ရှိလူအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု မြို့ခံများကပြောသည်။

စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုအ​ရေအတွက်နှင့် ​ပြည်သူများ၏​နေအိမ် မီး​လောင်ဆုံးရှုံးခဲ့​သောအ​ရေအတွက်ကိုPeople’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

အဆိုပါစစ်ဆင်​ရေးကိုကို ရိခေါ်ဒါရ်မြို့ ဒေသကာကွယ်ရေးတပ်(Mountain Eagle Defense Force- MEDF)ကတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြို့ခံအများစုသည်အိန္ဒိယနိုင်ငံဘက်ကိုထွက်ပြေး​နေရသည်ဟုလည်း​ဒေသခံအချို့ကပြောသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။