Connect with us

Hi, what are you looking for?

သတင်း

ဈေးဝယ်လာသည့်စစ်ကောင်စီတပ်မိုင်းဆွဲခံရပြီးနောက်ရိခေါ်ဒါရ်မြို့ကို စစ်ကောင်စီတပ်မီးရှို့

စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြို့ခံအများစုသည်အိန္ဒိယနိုင်ငံဘက်ကိုထွက်ပြေး​နေရသည်ဟုလည်း​ဒေသခံအချို့ကပြောသည်။

( ရိခေါ်ဒါရ်မြို့ အမှတ် ( ၂ )ရပ်ကွက်မီး​လောင်​နေသည်ကို အ​ဝေးမှတွ့ရစဥ် ။ ။ဓါတ်ပုံ-CJ)
( ရိခေါ်ဒါရ်မြို့ အမှတ် ( ၂ )ရပ်ကွက်မီး​လောင်​နေသည်ကို အ​ဝေးမှတွ့ရစဥ် ။ ။ဓါတ်ပုံ-CJ)

ရိခေါ်ဒါရ်မြို့တွင် ဈေးဝယ်လာသည့် စစ်ကောင်စီတပ်ကားမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်သားအချို့​သေဆုံးထိခိုက်ခဲ့ပြီး​နောက်စစ်ကောင်စီတပ်ကရိခေါ်ဒါရ်မြို့ မီးရှို့ခဲ့ကြောင်း မြို့ခံများကပြောသည်။

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၊ အမှတ် ၂ ရပ်ကွက် တောင်ကုန်းပေါ်တွင်တပ်စွဲထားသည့်စစ်ကောင်စီတပ်ကားသည်ယနေ့(အောက်တိုဘာ ၂၆ ရက်)မနက်၈နာရီခန့်ကမြို့ပေါ်သို့ ဈေးဝယ်လာစဉ် ဒေသခံကာကွယ်ရေးတပ်များက အသင့်ဆင့်ထားသည့် မိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းမျက်မြင်​တွေ့ရှိ​သောဒေသခံများက​ပြောသည်။

“မိုင်းဆွဲခံရပြီး မြို့ထဲမှာ သောင်းကျန်းတယ်။ ဆိုင်တွေကိုလည်း ပိတ်ခိုင်းတယ်။ လူတွေကိုလည်း အိမ်ထဲမှာဘဲ နေခိုင်းတယ်။ မိုင်းဆွဲလို့သေသွားတဲ့ စစ်သားတွေကိုတင်ပြီး အိမ်တွေပါမီးရှို့ပစ်သွားကြတယ်”ဟု မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

မိုင်းဆွဲတိုက်ခိုက်ခံရပြီး​နောက်စစ်ကောင်စီတပ်ကလက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ပြီး အမှတ်( ၂) ရပ်ကွက်ရှိလူအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု မြို့ခံများကပြောသည်။

စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုအ​ရေအတွက်နှင့် ​ပြည်သူများ၏​နေအိမ် မီး​လောင်ဆုံးရှုံးခဲ့​သောအ​ရေအတွက်ကိုPeople’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

အဆိုပါစစ်ဆင်​ရေးကိုကို ရိခေါ်ဒါရ်မြို့ ဒေသကာကွယ်ရေးတပ်(Mountain Eagle Defense Force- MEDF)ကတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြို့ခံအများစုသည်အိန္ဒိယနိုင်ငံဘက်ကိုထွက်ပြေး​နေရသည်ဟုလည်း​ဒေသခံအချို့ကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

Facebook