Connect with us

Hi, what are you looking for?

သတင်း

ရှမ်းမြောက် မုံးပေါ် နှင့် ကချင် မိုးမောက်၌ KIA နှင့် စစ်ကောင်စီတပ် တိုက်ပွဲများဖြစ်၊ဖားကန့်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်

စစ်ကောင်စီတပ်က အောက်တိုဘာ ၂၄ရက် ညနေပိုင်း၌ စစ်ရေးလှုပ်ရှားလာ၍ KIAက စောင့်ကြိုတိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(ကေအိုင်အေ တပ်သားနှစ်ဦးကို လိုင်ဇာအနီးတွေ့ရစဉ်။ ဓာတ်ပုံ - ရိုက်တာ)
(ကေအိုင်အေ တပ်သားနှစ်ဦးကို လိုင်ဇာအနီးတွေ့ရစဉ်။ ဓာတ်ပုံ - ရိုက်တာ)

▪️ရေကြောင်းမှ စားနပ်ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းများ စစ်ကောင်စီတပ် ဖြည့်တင်းနေ

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးပေါ်ဒေသ၌ ယမန်နေ့က ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကချင် လွတ်လပ်ရေးအဖွဲ့(KIO)၏ လိုင်ဇာတီဗီက သတင်းဖော်ပြသည်။

KIA အမှတ်(၆)တပ်မဟာ အမှတ် (၃၆)တပ်ရင်း နယ်မြေ မုံးပေါ်ဒေသ၌ အောက်တိုဘာ ၂၅ရက် နံနက် ၈နာရီခန့်မှစပြီး ညနေ ၄နာရီထိ တိုက်ပွဲဖြစ် ခဲ့သည်ဟု ဖော်ပြထားပြီး နှစ်ဖက်ထိခိုက်ကျဆုံး ရှိမရှိ အခြေ အနေကို ဖော်ပြမထားပေ။

စစ်ကောင်စီတပ်က အောက်တိုဘာ ၂၄ရက် ညနေပိုင်း၌ စစ်ရေးလှုပ်ရှားလာ၍ KIAက စောင့်ကြိုတိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

KIA တပ်ရင်း(၃၆)နယ်မြေတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်မှ စစ်ကြောင်းအများအပြားဖြင့် ထိုးစစ်ဆင်မှုတွေလုပ်ဆောင်နေ၍ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာဖွယ်ရှိကြောင်း ဖော်ပြထား သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ကချင်ပြည်နယ် မိုးမောက်မြို့အထက်ပိုင်း လုံဂျာတောင်၌လည်း KIAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

KIA တပ်မဟာ(၃)၊ တပ်ရင်း(၁၅)နယ်မြေ မိုးမောက်မြို့အထက်ပိုင်း လုံဂျာတောင်တွင်အောက်တိုဘာ ၂၂ရက်မှစ၍ နေ့စဉ်တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု ဖော်ပြထားသည်။

ဖားကန့်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း လိုင် ဇာတီဗီက သတင်းက ဆိုသည်။

ထို့ပြင် စစ်ကောင်စီတပ်သည် ရေကြောင်းက သင်္ဘောများဖြင့် ကချင်ပြည်နယ်သို့ ဆန်တက်လာကြောင်း၊ ထိုသို့ ဆန်တက်ရာတွင် တိုက် လေယာဉ်က လုံခြုံရေးလိုက်ပါလာကြောင်းဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။