Connect with us

Hi, what are you looking for?

သတင်း

မန်တုံမြို့နယ်တွင် KIA နှင့် စစ်ကောင်စီတပ်တိုက်ပွဲဖြစ်

ရှမ်းမြောက်ဒေသ စစ်ရေးသတင်းများ ဖော်ပြလေ့ရှိသည့် 7Stars News စာမျက်နှာတွင် မန်တုံတိုက်ပွဲ၌စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့ကြောင်း ဖော်ပြထားသည်။

(ကေအိုင်အေတပ်ဖွဲ့ဝင်တစ်ဦးကို​တွေ့ရစဥ်/ပုံအ​ဟောင်းဖြစ်ပါသည်။ ။ဓါတ်ပုံ-Getty Image)
(ကေအိုင်အေတပ်ဖွဲ့ဝင်တစ်ဦးကို​တွေ့ရစဥ်/ပုံအ​ဟောင်းဖြစ်ပါသည်။ ။ဓါတ်ပုံ-Getty Image)

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောသည်။

KIA တပ်ရှိရာသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ ခုခံတိုက်ပွဲဖြစ်ပွားခဲ့ပြီး မန်တုံရှိ စစ်ကောင်စီတပ်စခန်းကို KIAက အောက်တိုဘာ ၁၇ရက်တွင် ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“KIAတပ်ရင်း (၃၄)ဘက်မှာ စစ်ကောင်စီဘက်က ထိုးလာလို့ကျွန်တော်တို့ ခုခံတိုက်ပွဲဖြစ်တာရှိပါတယ်။ နောက်မန်တုံဘက်မှာလည်း ကျွန်တော်တို့ဘက်က ပြန်ပစ်တဲ့ဟာလည်းရှိပါတယ်။ ဒါပေမဲ့ အသေးစိတ်ကတော့ စုံစမ်းနေဆဲဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက People’s Spring သို့ပြောသည်။

တိုက်ပွဲ၌ အထိအခိုက်အကျအဆုံး သတင်းများ မကြားရသေးကြောင်း ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

ရှမ်းမြောက်ဒေသ စစ်ရေးသတင်းများ ဖော်ပြလေ့ရှိသည့် 7Stars News စာမျက်နှာတွင် မန်တုံတိုက်ပွဲ၌စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

မန်တုံမြို့နယ် အူမန်ကျေးရွာ အနီးရှိ KIA ရှေ့တန်းတပ်စခန်းကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်း ထိုးစစ်ဆင်လာ၍ အောက်တိုဘာ ၁၇ရက် နံနက်မှစ၍ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်က အထိနာခဲ့ပြီး ထိခိုက်ကျဆုံးသူများကို ကားဖြင့် သယ်ယူခဲ့ကြောင်း မြေပြင် သတင်းရင်းမြစ်ကို ကိုးကား ဖော်ပြထားသည်။

KIAနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

KIA တပ်စခန်းကို ထိုးစစ်ဆင်လာ၍ မန်တုံအခြေစိုက် ခလရ(၁၃၀)တပ်အား KIA/PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်၍ ခရစ်ယာန်ဘာသာရေးဆရာတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

KIA/PDF ပူးပေါင်းတပ်သည် စက်တင်ဘာလကုန်ပိုင်းကလည်း ခလရ(၁၃၀) တပ်နှင့် မန်တုံရဲစခန်းကို တိုက်ခိုက်ခဲ့ရာ မန်တုံရဲစခန်းကို မီးရှို့ခဲ့သည်။ ထို့ပြင် မန်တုံမြို့နယ် ထွေအုပ်ရုံးကိုလည်း မီးရှို့ခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာနှင့် ဖားကန့်မြို့နယ် နမ့်တိန် ကျေးရွာအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးသည်။

သတင်း

ရန်ကုန် − မန္တလေးအမြန်လမ်း တောင်ငူမြို့နယ်လမ်းပိုင်းအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ နှစ်ရက်ဆက်တိုက်ပွဲပြင်းထန်နေပြီး နေအိမ် ၄၀၀ကျော်ရှိသည့် စပါးကြွယ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက် မီးရှို့ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့ပေါ် ရှိ မြို့မရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာများကို စီးနင်းတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း စလင်းမြို့နယ်ပြည်သူပြည့်ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ခံ ကိုအောင်ဆန်းက လူထုနွေဦးသို့ ပြောသည်။

သတင်း

အာဏာသိမ်း စစ်ကောင်စီနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ကြား တိုက်ရိုက် ဆွေးနွေးမှုတွေ စတင်ဖို့ သင့်တော်တဲ့ အခြေအနေ ဖြစ်လာပြီလို့ ယုံကြည်ကြောင်း မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြောကြားခဲ့ပါတယ်။