Connect with us

Hi, what are you looking for?

သတင်း

မန်တုံမြို့နယ်တွင် KIA နှင့် စစ်ကောင်စီတပ်တိုက်ပွဲဖြစ်

ရှမ်းမြောက်ဒေသ စစ်ရေးသတင်းများ ဖော်ပြလေ့ရှိသည့် 7Stars News စာမျက်နှာတွင် မန်တုံတိုက်ပွဲ၌စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့ကြောင်း ဖော်ပြထားသည်။

(ကေအိုင်အေတပ်ဖွဲ့ဝင်တစ်ဦးကို​တွေ့ရစဥ်/ပုံအ​ဟောင်းဖြစ်ပါသည်။ ။ဓါတ်ပုံ-Getty Image)
(ကေအိုင်အေတပ်ဖွဲ့ဝင်တစ်ဦးကို​တွေ့ရစဥ်/ပုံအ​ဟောင်းဖြစ်ပါသည်။ ။ဓါတ်ပုံ-Getty Image)

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောသည်။

KIA တပ်ရှိရာသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ ခုခံတိုက်ပွဲဖြစ်ပွားခဲ့ပြီး မန်တုံရှိ စစ်ကောင်စီတပ်စခန်းကို KIAက အောက်တိုဘာ ၁၇ရက်တွင် ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“KIAတပ်ရင်း (၃၄)ဘက်မှာ စစ်ကောင်စီဘက်က ထိုးလာလို့ကျွန်တော်တို့ ခုခံတိုက်ပွဲဖြစ်တာရှိပါတယ်။ နောက်မန်တုံဘက်မှာလည်း ကျွန်တော်တို့ဘက်က ပြန်ပစ်တဲ့ဟာလည်းရှိပါတယ်။ ဒါပေမဲ့ အသေးစိတ်ကတော့ စုံစမ်းနေဆဲဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက People’s Spring သို့ပြောသည်။

တိုက်ပွဲ၌ အထိအခိုက်အကျအဆုံး သတင်းများ မကြားရသေးကြောင်း ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

ရှမ်းမြောက်ဒေသ စစ်ရေးသတင်းများ ဖော်ပြလေ့ရှိသည့် 7Stars News စာမျက်နှာတွင် မန်တုံတိုက်ပွဲ၌စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

မန်တုံမြို့နယ် အူမန်ကျေးရွာ အနီးရှိ KIA ရှေ့တန်းတပ်စခန်းကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်း ထိုးစစ်ဆင်လာ၍ အောက်တိုဘာ ၁၇ရက် နံနက်မှစ၍ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်က အထိနာခဲ့ပြီး ထိခိုက်ကျဆုံးသူများကို ကားဖြင့် သယ်ယူခဲ့ကြောင်း မြေပြင် သတင်းရင်းမြစ်ကို ကိုးကား ဖော်ပြထားသည်။

KIAနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

KIA တပ်စခန်းကို ထိုးစစ်ဆင်လာ၍ မန်တုံအခြေစိုက် ခလရ(၁၃၀)တပ်အား KIA/PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်၍ ခရစ်ယာန်ဘာသာရေးဆရာတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

KIA/PDF ပူးပေါင်းတပ်သည် စက်တင်ဘာလကုန်ပိုင်းကလည်း ခလရ(၁၃၀) တပ်နှင့် မန်တုံရဲစခန်းကို တိုက်ခိုက်ခဲ့ရာ မန်တုံရဲစခန်းကို မီးရှို့ခဲ့သည်။ ထို့ပြင် မန်တုံမြို့နယ် ထွေအုပ်ရုံးကိုလည်း မီးရှို့ခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။