Connect with us

Hi, what are you looking for?

သတင်း

နယ်မြေရှင်းလင်းစဉ်တိုက်ပွဲဖြစ်၍ တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော် နှစ်ဦးဒဏ်ရာရဟု ကော်ဘရာစစ်ကြောင်း အသိပေး

အဆိုပါ တိုက်ပွဲသည် နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှ တော်လှန်ရေးရဲဘော် နှစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးထားသည်။

ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column
ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ၌ ယနေ့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးရဲဘော် နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ယနေ့ (အောက်တိုဘာ ၂၆) နံနက်ပိုင်းတွင် မြ၀တီ – ဝေါ်လေလမ်းအနီးရှိ လူခို့ ညောင်ချောင်း နေရာအား KNLA တပ်ရင်း (၂၇) ကော်ဘရာ ပူးပေါင်းစစ်ကြောင်းက နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်စစ်တပ်၏ တပ်မ(၄၄) လက်အောက်ခံ ခမရ (၂၀၇)နှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲသည် နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှ တော်လှန်ရေးရဲဘော် နှစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ် ဘက်မှ ထိခိုက်သေဆုံးမှုအား တိတိကျကျသိရှိနိုင်ရန် စီစစ်ဆဲဖြစ်ပါကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။