Connect with us

Hi, what are you looking for?

News

ခရိုနီဦးတေဇနဲ့ ထူးကုမ္ပဏီကို ဗြိတိန်ဒဏ်ခတ်အရေးယူ

မြန်မာနိုင်ငံရဲ့ ခရိုနီစာရင်းဝင်ဦးတေဇနဲ့သူ့ရဲ့ကုမ္ပဏီဖြစ်တဲ့ Htoo Group of Companies ကို ဒဏ်ခတ်အရေးယူကြောင်း ဗြိတိန်က ဒီနေ့ကြေညာပါတယ်။

ဗြိတိန်၊ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒဏ်ခတ်အရေးယူတဲ့စာရင်းမှာ ဦးတေဇနဲ့ Htoo Group of Companiesကို ထပ်မံထည့်သွင်းလိုက်တာဖြစ်ပြီး သူတို့ရဲ့ငွေကြေးအားလုံးနဲ့ စီးပွားရေးဆိုင်ရာရင်းမြစ်အားလုံးကို ဗြိတိန်မှာ ပိတ်ပင်ခံရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး ဒါမှမဟုတ် ကောင်းမွန်တဲ့အုပ်ချုပ်ရေးတို့ကို လျော့ပါးစေခြင်း၊ ပြည်သူတွေကို ဖိနှိပ်ခြင်း၊ ပြင်းထန်တဲ့လူ့အခွင့်အရေးချိုးဖောက်ခြင်းနဲ့ ကျူးလွန်မှုတွေကို စုံစမ်းစစ်ဆေးရာမှာ အဟန့်အတားပြုခြင်း၊ လူသားခြင်းစာနာမှုအကူအညီပေးခြင်းကို နှောင့်ယှက်ခြင်း၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ လုံခြုံရေးတို့ကို ခြိမ်းခြောက်ခြင်း စတာတွေမှာ ပါဝင်သူတွေကို ဗြိတိန်က ဒဏ်ခတ်အရေးယူမှုပြုလုပ်တာဖြစ်ပါတယ်။

ဗြိတိန်ရဲ့ ဒဏ်ခတ်အရေးယူတဲ့စာရင်းမှာ အကြမ်းဖက်မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ကစလို့ သူ့ရဲ့ နောက်လိုက်တွေအပါအဝင် ၂၄ ဦး၊ မြန်မာ့ကျောက်မျက်လုပ်ငန်း၊ မြန်မာ့ပုလဲလုပ်ငန်း၊ မြန်မာ့သစ်လုပ်ငန်းနဲ့ အာဏာသိမ်းပြီးနောက် ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ(SAC)တို့ ပါဝင်နေပါတယ်။

ခရိုနီဦးတေဇဟာ အကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့မေလမှာ စစ်တပ်ထိပ်တန်းအရာရှိတွေရဲ့ ရုရှားနိုင်ငံခရီးစဉ်ကို လိုက်ပါခဲ့တယ်လို့ သတင်းမီဒီယာအချို့မှာဖော်ပြပြီး အဲဒီခရီးစဉ်အတွင်း အကြမ်း ဖက်စစ်တပ်ဟာ မြန်မာပြည်သူတွေကို သတ်ဖြတ်နှိမ်နင်းဖို့ ဝေဟင်သုံးလက်နက်တွေအပါအဝင် စစ်လက်နက် ပစ္စည်းတွေ ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်အမေရိကမှာ ထားရှိပြီး ဒေါ်လာ ဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ရွှေချောင်းတွေကို ဗြိတိန်ဆီ ပြောင်းရွှေ့ အပ်နှံခဲ့ကြောင်း နယ်သာလန် ဗဟိုဘဏ် (DNB)က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ် အဖြစ်ကနေ နုတ်ထွက်ပြီး မကြာခင်မှာပဲ လွှတ်တော်အမတ် နေရာကိုပါ စွန့်လွှတ်တော့မယ်လို့ ဆာကီရာ စတာမာက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားဆီက ခြိမ်းခြောက်မှုတွေ ရှိနေပေမယ့် ဗြိတိန်ဟာ ယူကရိန်းကို မယိမ်းမယိုင် ဆက်လက် အားပေး ကူညီသွားမယ်လို့ ဗြိတိန် ဝန်ကြီးချုပ် အန်ဒီ ဘန်ဟမ်က ပြောကြားခဲ့ပါတယ်။