Connect with us

Hi, what are you looking for?

LuduNwayOo

News

ခရိုနီဦးတေဇနဲ့ ထူးကုမ္ပဏီကို ဗြိတိန်ဒဏ်ခတ်အရေးယူ

မြန်မာနိုင်ငံရဲ့ ခရိုနီစာရင်းဝင်ဦးတေဇနဲ့သူ့ရဲ့ကုမ္ပဏီဖြစ်တဲ့ Htoo Group of Companies ကို ဒဏ်ခတ်အရေးယူကြောင်း ဗြိတိန်က ဒီနေ့ကြေညာပါတယ်။

ဗြိတိန်၊ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒဏ်ခတ်အရေးယူတဲ့စာရင်းမှာ ဦးတေဇနဲ့ Htoo Group of Companiesကို ထပ်မံထည့်သွင်းလိုက်တာဖြစ်ပြီး သူတို့ရဲ့ငွေကြေးအားလုံးနဲ့ စီးပွားရေးဆိုင်ရာရင်းမြစ်အားလုံးကို ဗြိတိန်မှာ ပိတ်ပင်ခံရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး ဒါမှမဟုတ် ကောင်းမွန်တဲ့အုပ်ချုပ်ရေးတို့ကို လျော့ပါးစေခြင်း၊ ပြည်သူတွေကို ဖိနှိပ်ခြင်း၊ ပြင်းထန်တဲ့လူ့အခွင့်အရေးချိုးဖောက်ခြင်းနဲ့ ကျူးလွန်မှုတွေကို စုံစမ်းစစ်ဆေးရာမှာ အဟန့်အတားပြုခြင်း၊ လူသားခြင်းစာနာမှုအကူအညီပေးခြင်းကို နှောင့်ယှက်ခြင်း၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ လုံခြုံရေးတို့ကို ခြိမ်းခြောက်ခြင်း စတာတွေမှာ ပါဝင်သူတွေကို ဗြိတိန်က ဒဏ်ခတ်အရေးယူမှုပြုလုပ်တာဖြစ်ပါတယ်။

ဗြိတိန်ရဲ့ ဒဏ်ခတ်အရေးယူတဲ့စာရင်းမှာ အကြမ်းဖက်မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ကစလို့ သူ့ရဲ့ နောက်လိုက်တွေအပါအဝင် ၂၄ ဦး၊ မြန်မာ့ကျောက်မျက်လုပ်ငန်း၊ မြန်မာ့ပုလဲလုပ်ငန်း၊ မြန်မာ့သစ်လုပ်ငန်းနဲ့ အာဏာသိမ်းပြီးနောက် ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ(SAC)တို့ ပါဝင်နေပါတယ်။

ခရိုနီဦးတေဇဟာ အကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့မေလမှာ စစ်တပ်ထိပ်တန်းအရာရှိတွေရဲ့ ရုရှားနိုင်ငံခရီးစဉ်ကို လိုက်ပါခဲ့တယ်လို့ သတင်းမီဒီယာအချို့မှာဖော်ပြပြီး အဲဒီခရီးစဉ်အတွင်း အကြမ်း ဖက်စစ်တပ်ဟာ မြန်မာပြည်သူတွေကို သတ်ဖြတ်နှိမ်နင်းဖို့ ဝေဟင်သုံးလက်နက်တွေအပါအဝင် စစ်လက်နက် ပစ္စည်းတွေ ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ချားလ်စ်ဘုရင် ဆေးကုသမှု ခံယူနေတဲ့ ကာလတွေအတွင်း သူ့ရဲ့ လုပ်ငန်းတာဝန်တွေကို တခြားတစ်ဦးဦးဆီ လွှဲပြောင်းပေးထားမှာ မဟုတ်ဘူးလို့လည်း နန်းတော်က ဆိုပါတယ်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်သည် စစ်တပ်နှင့် စစ်ကောင်စီ ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၂၅ ဦးနှင့် အဖွဲ့အစည်း ၃၃ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။

သတင်း

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ မြို့တော် အခြေစိုက် မြန်မာသံရုံးရော၊ MOGEကပါ အခုကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။

နိုင်ငံတကာ

ရှပ်စ်ဟာ Telegraphနဲ့ အင်တာဗျူးမှာ ဗြိတိန်ရဲ့ BAE Systemsလို ကာကွယ်ရေး နည်းပညာ ကုမ္ပဏီကြီးတွေက ယူကရိန်းမှာ လက်နက်စက်ရုံတွေ တည်ဖို့ ဖြစ်နိုင်ခြေတွေကိုပါ ထည့်သွင်း ဆွေးနွေးသွားခဲ့ပါတယ်။