Connect with us

Hi, what are you looking for?

သတင်း

မြင်းမူမြို့ မြန်မာ့စီးပွားရေးဘဏ် ကင်းစောင့်နေသော စစ်အုပ်စုကို ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်

မြင်းခြံခရိုင်တပ်ရင်း (၇)Zero ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၊ True Figher အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

မြင်းမူမြို့ မြန်မာ့စီးပွားရေးဘဏ် ကင်းစောင့်နေသော စစ်အုပ်စုကို ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
မြင်းမူမြို့ မြန်မာ့စီးပွားရေးဘဏ် ကင်းစောင့်နေသော စစ်အုပ်စုကို ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ကင်းစောင့်နေသော စစ်ကောင်စီတပ်အား လျက်ဆားပုလင်းဗုံးဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများရှိကြောင်း Zero ပြောက်ကျား တပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

ယနေ့ (အောက်တိုဘာ၂၈ ရက်) ညနေ ၆နာရီ၂၅ မိနစ်ခန့်က မြင်းမူမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် အစောင့်ကျနေသည့် စစိကောင်စီတပ်ဖွဲ့ဝင် ငါးဦးကို လျက်ဆားပုလင်းဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးနေရာတွင်သေဆုံးသွားပြီး တစ်ဦးမှာပြင်းထန်ဒဏ်ရာရရှိသွားကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

“တစ်ကောင်လည်း အခြေအနေမကောင်းနိုင်ဘူး။ ကျွန်တော်တို့လျက်ဆားပုလင်းက တအားပြင်းတာ။ အဲဒီနှစ်လုံးကို တစ်ဘရိတ်ထဲခွဲနိုင်ရင် ကားတစ်စီးလန်တယ်။ မြို့ပေါ်မှာ သေနတ်တွေနဲ့ အချက်ငါးဆယ်လောက်ရှိပြီ လိုက်ပစ်နေတယ်။ တစ်မြို့လုံး မည်းမည်းမြင်ရာလိုက်ပစ်နေတယ်။”ဟု Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

Public Service Announcement
Public Service Announcement

မြင်းခြံခရိုင်တပ်ရင်း (၇)Zero ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၊ True Figher အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

မြင်းမူမြို့ပေါ် မြန်မာ့စီးပွားရေးဘဏ်အနီး၌ ပေါက်ကွဲသံများကြားလိုက်ရကြောင်း မြို့ခံများက အတည်ပြုပြောကြားသည်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယမန်နေ့ကလည်း ​မြောင်မြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ကင်းစောင့်နေသောစစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရပြီး လေးဦးသေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook