Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးမောက်မြို့တွင် ယနေ့နံနက် တိုက်ပွဲကြောင့် မြို့ခံအများစု ဗန်းမော်မြို့သို့ ထွက်ပြေးတိမ်းရှောင်

အောက်တိုဘာ ၂၆ရက် ညကလည်း စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကျည်သည် မိုးမောက်မြို့ (၅)မိုင်ဂိတ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

(စစ်​ကောင်စီတပ်က​လေ​ကြောင်းမှပစ်ခတ်၍ ပြည်သူ့​နေအိမ်တစ်လုံးပျက်စီး​နေစဥ် ။ ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်က​လေ​ကြောင်းမှပစ်ခတ်၍ ပြည်သူ့​နေအိမ်တစ်လုံးပျက်စီး​နေစဥ် ။ ဓါတ်ပုံ-CJ)

▪️ည​နေပိုင်းတွင် စစ်တပ်က လေကြာင်းမှတိုက်ခိုက်​နေ

ကချင်ပြည်နယ် မိုးမောက်မြို့တွင် ယနေ့ နံနက်ပိုင်း တိုက်ပွဲဖြစ်နေပြီး မြို့ခံအများစုမှာ ဗန်းမော်မြို့သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDF ပူးပေါင်းတပ်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၂ရက်မှစ၍ စတင်တိုက်ခိုက်ရာမှ တိုက်ပွဲသည် ပိုမိုပြင်းထန် လာခြင်း ဖြစ်သည်။

“မြို့ထဲမှာတင် စက်သေနတ်တွေနဲ့ ချနေတာ။ စစ်တပ် ကလည်း လက်နက်ကြီးတွေနဲ့ တောက် လျှောက်ပစ်နေတယ်။အခြေအနေက လုံးဝမကောင်းဘူး။ ဒီမနက် အရပ်သားနှစ်ယောက်ထိတယ်။ မြို့ခံတွေလည်း ဗန်းမော်ကို တက်ရှောင်နေကြပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့(အောက်တိုဘာ ၂၉ရက်)နံနက် တိုက်ပွဲတွင် စစ်ကောင်စီကပစ်သည့် လက်နက်ကြီးမှာ ခါနန်ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲကာ အရပ်သားနှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အောက်တိုဘာ ၂၆ရက် ညကလည်း စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကျည်သည် မိုးမောက်မြို့ (၅)မိုင်ဂိတ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

စစ်ဘေးရှောင်ဦးရေမှာ နှစ်ထောင်ကျော် အထိရှိလာပြီး စားနပ်ရိက္ခာအကူအညီများ လိုအပ်နေသည်ဟု ကယ်ဆယ်ရေးလုပ်နေသူများက အကူအညီတောင်းထားသည်။ စစ်ကောင်စီတပ်သည် အရပ်သားနေရာများကို မရှောင်ဘဲ ရမ်းသမ်းပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

ထပ်မံရရှိ​သောသတင်းအရ မိုးမောက်မြို့နယ် လုံဂျာတောင်ပတ်ဝန်းကျင်ကို စစ်ကောင်စီက ယနေ့ညနေ ၄နာရီခန့်မှစ၍စစ်​ကောင်စီတပ်ကလေကြောင်းမှ တိုက်ခိုက်နေကြောင်း ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။