Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် မိုးမောက်မြို့ကို လက်နက်ကြီးပစ်ခတ်ရာ လူနေအိမ်ပေါ်ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦးသေဆုံး

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်သည် မိုးမောက်မြို့နယ်အတွင်း အောက်တိုဘာ ၂၂ရက်မှစ၍ တိုက်ပွဲဆက်တိုက်ဖြစ်ပွား​နေသည်။

သေဆုံးသူအမျိုးသမီး
သေဆုံးသူအမျိုးသမီး

စစ်ဘေးရှောင်ပြည်သူ နှစ်ထောင်ခန့်အထိရှိလာ

စစ်ကောင်စီတပ်က မိုးမောက်မြို့ပေါ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေရာ ယမန်နေ့ညက လူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရသည်။

ယမန်နေ့(အောက်တိုဘာ ၂၆ရက်)ညက စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကျည်သည် မိုးမောက်မြို့ (၅)မိုင်ဂိတ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

“(၅)မိုင်ဂိတ်မှာ နေအိမ်ပေါ် လက်နက်ကြီးကျပြီး အသက် ၃၀အရွယ်ခန့် အမျိုးသမီးတစ်ဦးသေဆုံးသွားတယ်။ ညကလည်း တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့တယ်”ဟု မိုးမောက်မြို့ခံတစ်ဦးကပြောသည်။

ဒေသတွင်းသတင်းအချို့တွင် သေဆုံးသူသုံးဦးရှိကြောင်းဖော်ပြထားသော်လည်း မဟုတ်မှန်ကြောင်းဒေသခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ဘေးရှောင်များအား တွေ့ရစဥ်
စစ်ဘေးရှောင်များအား တွေ့ရစဥ်

အောက်တိုဘာ ၂၃ရက် ညနေကလည်း စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ခါနန်ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ အိမ်မွေးတိရိစ္ဆာန်အချို့လည်း သေဆုံးခဲ့သည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်သည် မိုးမောက်မြို့နယ်အတွင်း အောက်တိုဘာ ၂၂ရက်မှစ၍ တိုက်ပွဲဆက်တိုက်ဖြစ်ပွား​နေသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲများတွင် စစ်​ကောင်စီတပ်၏ စစ်ကြောင်းမှူးအပါအဝင်အရာရှိအချို့နှင့်တပ်ဖွဲ့ဝင်များသေဆုံးထိခိုက်မှုများ​ရှိပြီး အထိနာနေ၍ လေကြောင်းသုံးတိုက်ခိုက်မှုများပြုလုပ်​နေကြာင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ရာတွင် ဓာတုဗုံးပါအသုံးပြုနေသည်ဟု ဒေသခံများက ​ပြောသည်။

ထို့အပြင် တိုက်ပွဲများ​ကြောင့်စစ်ဘေးရှောင်ဦးရေသည် နှစ်ထောင်ခန့်အထိ ရှိလာပြီး စားနပ်ရိက္ခာအကူအညီများ လိုအပ်နေသည်ဟု ကယ်ဆယ်ရေးလုပ်နေသူများက ပြောသည်။စစ်ကောင်စီတပ်သည် အရပ်သားနေရာများအား ဦးတည်တိုက်ခိုက်နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ(၂၅၆)တပ်ရင်း က လက်နက်ကြီးတွေ နေ့စဥ် ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံတွေက ပြောပါတယ်။