Connect with us

Hi, what are you looking for?

သတင်း

မိုးမောက်မြို့တွင် ယနေ့နံနက် တိုက်ပွဲကြောင့် မြို့ခံအများစု ဗန်းမော်မြို့သို့ ထွက်ပြေးတိမ်းရှောင်

အောက်တိုဘာ ၂၆ရက် ညကလည်း စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကျည်သည် မိုးမောက်မြို့ (၅)မိုင်ဂိတ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

(စစ်​ကောင်စီတပ်က​လေ​ကြောင်းမှပစ်ခတ်၍ ပြည်သူ့​နေအိမ်တစ်လုံးပျက်စီး​နေစဥ် ။ ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်က​လေ​ကြောင်းမှပစ်ခတ်၍ ပြည်သူ့​နေအိမ်တစ်လုံးပျက်စီး​နေစဥ် ။ ဓါတ်ပုံ-CJ)

▪️ည​နေပိုင်းတွင် စစ်တပ်က လေကြာင်းမှတိုက်ခိုက်​နေ

ကချင်ပြည်နယ် မိုးမောက်မြို့တွင် ယနေ့ နံနက်ပိုင်း တိုက်ပွဲဖြစ်နေပြီး မြို့ခံအများစုမှာ ဗန်းမော်မြို့သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDF ပူးပေါင်းတပ်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၂ရက်မှစ၍ စတင်တိုက်ခိုက်ရာမှ တိုက်ပွဲသည် ပိုမိုပြင်းထန် လာခြင်း ဖြစ်သည်။

“မြို့ထဲမှာတင် စက်သေနတ်တွေနဲ့ ချနေတာ။ စစ်တပ် ကလည်း လက်နက်ကြီးတွေနဲ့ တောက် လျှောက်ပစ်နေတယ်။အခြေအနေက လုံးဝမကောင်းဘူး။ ဒီမနက် အရပ်သားနှစ်ယောက်ထိတယ်။ မြို့ခံတွေလည်း ဗန်းမော်ကို တက်ရှောင်နေကြပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့(အောက်တိုဘာ ၂၉ရက်)နံနက် တိုက်ပွဲတွင် စစ်ကောင်စီကပစ်သည့် လက်နက်ကြီးမှာ ခါနန်ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲကာ အရပ်သားနှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အောက်တိုဘာ ၂၆ရက် ညကလည်း စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကျည်သည် မိုးမောက်မြို့ (၅)မိုင်ဂိတ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

စစ်ဘေးရှောင်ဦးရေမှာ နှစ်ထောင်ကျော် အထိရှိလာပြီး စားနပ်ရိက္ခာအကူအညီများ လိုအပ်နေသည်ဟု ကယ်ဆယ်ရေးလုပ်နေသူများက အကူအညီတောင်းထားသည်။ စစ်ကောင်စီတပ်သည် အရပ်သားနေရာများကို မရှောင်ဘဲ ရမ်းသမ်းပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

ထပ်မံရရှိ​သောသတင်းအရ မိုးမောက်မြို့နယ် လုံဂျာတောင်ပတ်ဝန်းကျင်ကို စစ်ကောင်စီက ယနေ့ညနေ ၄နာရီခန့်မှစ၍စစ်​ကောင်စီတပ်ကလေကြောင်းမှ တိုက်ခိုက်နေကြောင်း ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။