Connect with us

Hi, what are you looking for?

သတင်း

င့ါသရောက် ရဲစခန်းစီးနင်းမှုမှာ တောင်သာပြောက်ကျားတပ် ဒုခေါင်းဆောင်လူငယ်ကျဆုံး

ငါ့သရောက်မြို့နယ်ခွဲ ရဲစခန်းကို မနေ့ကညနေပိုင်း မြင်းခြံခရိုင် တပ်ရင်း(၃) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ပူးပေါင်းတပ်တွေ ဝင်စီးခဲ့တာလို့သိရပါတယ်။

င့ါသရောက် ရဲစခန်းစီးနင်းမှုမှာ တောင်သာပြောက်ကျားတပ် ဒုခေါင်းဆောင်လူငယ်ကျဆုံး
င့ါသရောက် ရဲစခန်းစီးနင်းမှုမှာ တောင်သာပြောက်ကျားတပ် ဒုခေါင်းဆောင်လူငယ်ကျဆုံး

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်ထဲက င့ါသရောက် မြို့နယ်ခွဲရဲ့ ရဲစခန်း စီးနင်းတိုက်ခိုက်မှုမှာ တောင်သာ ပြောက်ကျားတပ် (TTA) ရဲ့ ဒုခေါင်းဆောင် ကျဆုံးသွားတယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ပါတယ်။

ကျဆုံးသွားတဲ့ပြောက်ကျားတပ် ဒုခေါင်းဆောင်ဟာ အသက် ၂၁ နှစ်အရွယ် မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းက ပထမနှစ်ကျောင်းသားဖြစ်တယ်လို့သိရပါတယ်။

ငါ့သရောက်မြို့နယ်ခွဲ ရဲစခန်းကို မနေ့ကညနေပိုင်း မြင်းခြံခရိုင် တပ်ရင်း(၃) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ပူးပေါင်းတပ်တွေ ဝင်စီးခဲ့တာလို့သိရပါတယ်။

စီးနင်းတိုက်ခိုက်မှုမှာ ရဲစခန်းမှူး ရဲအုပ် အေးကျော် အပါအဝင် ရဲ ၁၀ ဦးကျော်သေဆုံးသလို လက်နက်တွေသိမ်းဆည်းရမိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စခန်းအတွင်းကနေ တိုက်ပွဲဝင် သေနတ် ၅ လက် နဲ့ ခြောက်လုံးပြူး ၁ လက်ကို သိမ်းဆည်းရမိခဲ့တာပါ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။