Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူနယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး မီးရှို့ပြီး ကျေးရွာလေးရွာမှ နေအိမ် ၁၆၀ခန့် မီးလောင်ပျက်စီး

စစ်ကောင်စီတပ်၏ ထိုးစစ်ကြောင့် ဒေသခံ ထောင်ချီ စစ်ဘေးရှောင်နေရပြီး အဖမ်းဆီးခံရသော ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦး၏ နောက်ဆက်တွဲအခြေအနေအား မသိရသေးကြောင်း ဖော်ပြထားသည်။

(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသော လင်းယုန်နီ ကန့်ဘလူ​၏ စခန်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - လင်းယုန်နီ ကန့်ဘလူ)
(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသော လင်းယုန်နီ ကန့်ဘလူ​၏ စခန်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - လင်းယုန်နီ ကန့်ဘလူ)

▪️ဒေသခံ PDFများ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တောင်ခြမ်း သိန်ရင် ဆည်အနီး အင်းလယ်ကြီးဒေသသို့ အကြမ်းဖက်စစ်ကောင်စီမှ စစ်ကြောင်းထိုးပြီး ကျေးရွာများအား မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ် ၁၆၀ခန့် မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသတွင်းစစ်ရေးသတင်းများ ဖော်ပြနေသည့် Infinity Groupက အသိပေးသည်။

စစ်ကောင်စီတပ်နှင့် နယ်မြေခံပြူစောထီးများ ပူးပေါင်းကာ အင်အား ၂၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး အောက်တိုဘာ ၂၂ရက်မှ ယနေ့ ၃၁ရက်အတွင်း ကျေးရွာ လေးရွာမှ နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၂၄ရက်နှင့် ၂၅ရက်များတွင် ဉာဏ်အင်းရွာ၊ ရွာမရွာ ၊ အင်းလယ်ကြီးရွာတို့ကို မီးရှို့ခဲ့ရာ အိမ်ခြေ ၂၀၀ ကျော် ရှိ ဉာဏ်အင်းကျေးရွာမှ နေအိမ် ၉လုံး၊အိမ်ခြေ ၃၀၀ကျော်ရှိ ရွာမကျေးရွာမှ နေအိမ် ၁၀လုံးနှင့် အိမ်ခြေ ၁,၀၀၀ကျော်ရှိ အင်းလယ်ကြီးရွာမှ နေအိမ် ၁၂၆လုံး မီးလောင်ပြာကျခဲ့သည်ဟု ဖော်ပြသည်။

ထို့ပြင် နွား ၄ ကောင် နှင့် ဝက် ၆ကောင် သေဆုံးသွားကာ စပါးတင်း ၁၀၀ကျော် ပျက်စီးခဲ့ရကြောင်း၊ အောက်တိုဘာ ၂၄ရက်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ရှမ်းတပ်ကျေးရွာမှ ပြည်သူပိုင် ပစ္စည်းများ နှင့် နွားအကောင်ရေ ၇၀ ကျော်အား အတင်းအဓမ္မယူဆောင်သွားခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုသည် ယနေ့အောက်တိုဘာ ၃၁ ရက်တွင် အိမ်ခြေ ၃၀၀ ကျော်ရှိသော မဲသည်ကျေးရွာအား ထပ်မံမီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ပြည်သူပိုင်နေအိမ် ၁၅ လုံး ပျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်သည် အောက်တိုဘာ၂၃ ရက်တွင် စစ်ဘေးရှောင် ပြည်သူအများအပြား နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦး ဖမ်းဆီးခဲ့ကြောင်း၊ယင်းနေ့၌ပင် ကန့်ဘလူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည့် လင်းယုန်နီ တပ် စခန်းအား အကြမ်းဖက်စစ်ကောင်စီမှ ဝင်ရောက်စီးနင်းခဲ့ကြောင်း Infinity Groupကဆိုသည်။

ထိုသို့စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့၍ လင်းယုန်နီ ကန့်ဘလူ စခန်းမှ ကျပ်သိန်း ၇၀ ကျော်တန်ဖိုးရှိသည့် ၂၅ကောင် အင်ဂျင် ၂ လုံး၊ဂွန်ဒေါင်းအင်ဂျင်စက် ၁ လုံး၊ဒိုင်နမို ၂ လုံး၊ဆိုင်ကယ် ၁ စီး၊မိုင်းရှာစက် ၁ လုံး၊ထုတ်လုပ်ရေးသုံးပစ္စည်းများ၊လက်လုပ် ၆၀ မမ စိန်ပြောင်း ၂လက် နှင့် ၆၀ ကျည် အလုံး ၃၀၊ရှော့ဒုံး ၁၀ လုံး တို့ ပျက်ဆီးသွားခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ စစ်ကောင်စီ ပူးပေါင်းစစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် လင်းယုန်နီ ကန့်ဘလူ ၊ Kanbalu Underground Warriors ၊ MPF U18 ၊ ဗိုလ်တထောင် ၊ ထန်းကုန်းတိုက်နယ် ပကဖ အဖွဲ့များမှ ပူးပေါင်းကာ Drone၊မိုင်းများအသုံးပြုကာ တိုက်ခိုက်ခဲ့ရာ အောက်တိုဘာ ၂၃ရက်မှ ၂၅ရက်အတွင်း စစ်ကောင်စီတပ်မှ ၂၀ခန့် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီတပ်၏ ထိုးစစ်ကြောင့် ဒေသခံ ထောင်ချီ စစ်ဘေးရှောင်နေရပြီး အဖမ်းဆီးခံရသော ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦး၏ နောက်ဆက်တွဲအခြေအနေအား မသိရသေးကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေအတွက် အိမ်ပြန်ဆောက်ဖို့ဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။