Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ်မှ ဇော်ချောင်းရွာကို စစ်ကောင်စီတပ်က ယနေ့ ငါးကြိမ်မြောက် မီးရှို့ဖျက်ဆီး

ဇော်ချောင်းရွာ‌မှ ရွှေဘုန်းတော်တိုးကျန်းမာရေးနှင့် လူမှုကူညီရေးရုံးခန်းနှင့် လူနာတင်ကားတစ်စီးကိုပါ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု Kotaungbo Revolution KTB-Rက သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်က ဇော်ချောင်းကျေးရွာအား မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - Kotaungbo Revolution KTB-R
စစ်ကောင်စီတပ်က ဇော်ချောင်းကျေးရွာအား မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - Kotaungbo Revolution KTB-R

အကြိမ်ကြိမ်မီးရှို့ခံခဲ့ရသောကြောင့် အိမ်ခြေ ၃၀ခန့်သာရှိတော့သည့် ကန့်ဘလူမြို့နယ်မှ ဇော်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ထပ်မံ မီးရှို့ဖျက်ဆီးနေသည်။

ဇော်ချောင်းကျေးရွာကို ယနေ့(အောက်တိုဘာလ ၂၄ရက်) နံနက် ၁၁နာရီခွဲခန့်မှစတင်၍ စစ်ကောင်စီစစ်ကြောင်းတစ်ခုက ဝင်ရောက်မီးရှို့နေခြင်းဟု ကန့်ဘလူမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

“ငါးကြိမ်မြောက် မီးလာရှို့နေပြီ။တစ်ရွာလုံး ပြာကျမှ ကျေနပ်မယ့်ပုံပဲ”ဟု ဇော်ချောင်းရွာ ဒေသခံအမျိုးသမီးတစ်ဦးက ပြေသည်။

Public Service Announcement
Public Service Announcement

ဇော်ချောင်းကျေးရွာသည် အိမ်ခြေနှစ်ရာခန့်ရှိသော ရွာဖြစ်ပြီး ၂၀၂၁ ဇူလိုင်ကတွင် စစ်ကောင်စီက ပထမဆုံးအကြိမ် မီးရှို့ဖျက်ဆီးခဲ့သည်။ ယင်းနောက်ပိုင်းတွင် မကြာခဏ မီးလာရှို့ပြီး ယခုအခါ ငါးကြိမ်မြောက်မီးရှို့ဖျက်ဆီးခံရခြင်းဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဇော်ချောင်းရွာ‌မှ ရွှေဘုန်းတော်တိုးကျန်းမာရေးနှင့် လူမှုကူညီရေးရုံးခန်းနှင့် လူနာတင်ကားတစ်စီးကိုပါ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု Kotaungbo Revolution KTB-Rက သတင်းထုတ်ပြန်ထားသည်။

ဇော်ချောင်းကျေးရွာကို မီးရှို့ဖျက်ဆီးသွားသည့် စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ ညနေပိုင်းတွင် အလယ်ခုံရွာသို့ ဆက်လက်ဝင်ရောက်သွားကြောင်း Kotaungbo Revolution KTB-Rကသတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။