Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရေပိုင်နက်နားမှာ မြောက်ကိုရီးယားဒုံးကျည် ကျရောက်မှု တောင်ကိုရီးယား ကန့်ကွက်

မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်ခတ်မှုတွေကို ဂျပန်အစိုးရကလည်း တုံ့ပြန် ရှုတ်ချခဲ့ပါတယ်။ ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက မြောက်ကိုရီးယားရဲ့ အစဉ်တစိုက် ဒုံးကျည် ပစ်ခတ်မှုတွေဟာ မကြုံစဖူး ထူထပ်များပြားလာပြီး သည်းခံနေလို့ မရတော့ဘူးလို့ ပြောပါတယ်။

ရေပိုင်နက်နားမှာ မြောက်ကိုရီးယားဒုံးကျည် ကျရောက်မှု တောင်ကိုရီးယား ကန့်ကွက်
ရေပိုင်နက်နားမှာ မြောက်ကိုရီးယားဒုံးကျည် ကျရောက်မှု တောင်ကိုရီးယား ကန့်ကွက်

နိုင်ငံရဲ့ ရေပိုင်နက်နားမှာ မြောက်ကိုရီးယားဒုံးကျည် ကျရောက်ခဲ့တာနဲ့ ပတ်သက်လို့ တောင်ကိုရီးယားက အပြင်းအထန် ကန့်ကွက်လိုက်ပါတယ်။

နိုဝင်ဘာ ၂ ရက် မနက်ပိုင်းမှာ မြောက်ကိုရီးယားက ဒုံးကျည် စမ်းသပ် ပစ်ခတ်မှုတွေ ထပ်မံ ပြုလုပ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ကြေညာပါတယ်။ အရင်အကြိမ်တွေနဲ့ မတူတာက ဒုံးကျည်တစ်စင်းဟာ ပထမဆုံး အကြိမ်အဖြစ် တောင်ကိုရီးယား ပိုင်နက်နား နီးနီးကပ်ကပ် ကျရောက်ခဲ့တာလို့ သိရပါတယ်။

ဒီဖြစ်ရပ်ကို တုံ့ပြန် ကန့်ကွက်တဲ့ အနေနဲ့ တောင်ကိုရီးယား စစ်တပ်ကလည်း ဒုံးကျည် ၃ စင်း ပစ်ခတ်ပြခဲ့တယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယိုလ်က မြောက်ကိုရီးယားဟာ နယ်မြေကျူးကျော်တဲ့ လုပ်ရပ်တစ်ခုကို လက်တွေ့ လုပ်ဆောင်ပြလိုက်တဲ့ သဘောပဲလို့ ပြင်းပြင်းထန်ထန် ဝေဖန် ရှုူတ်ချခဲ့ပါတယ်။

ယွန်က မြောက်ကိုရီးယားရဲ့ ဒုံးကျည်ဟာ ကိုရီးယား နှစ်နိုင်ငံ ကွဲသွားပြီးနောက်ပိုင်း သတ်မှတ်ထားတဲ့ နယ်ခြားမျဉ်းကို ပထမဆုံးအကြိမ် ဖြတ်သန်းခဲ့တယ်လို့ ပြောပါတယ်။ မြောက်ကိုရီးယားဟာ မနက်ပိုင်းမှာ ဒုံးကျည် ၁၀ စင်းလောက် ပစ်ခတ်ပြခဲ့တဲ့ထဲကနေ တစ်စင်းက အခုလိုမျိုး တောင်ကိုရီးယား ပိုင်နက်နားက ဂျပန်ပင်လယ်ပြင်ထဲ ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ ဒုံးကျည် ကျဆင်းခဲ့တဲ့ နေရာဟာ ကမ်းခြေကနေ ကီလိုမီတာ ၆၀ လောက်သာ ကွာဝေးတယ်လို့ တောင်ကိုရီးယား စစ်ဘက်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်ခတ်မှုတွေကို ဂျပန်အစိုးရကလည်း တုံ့ပြန် ရှုတ်ချခဲ့ပါတယ်။ ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက မြောက်ကိုရီးယားရဲ့ အစဉ်တစိုက် ဒုံးကျည် ပစ်ခတ်မှုတွေဟာ မကြုံစဖူး ထူထပ်များပြားလာပြီး သည်းခံနေလို့ မရတော့ဘူးလို့ ပြောပါတယ်။

မြောက်ကိုရီးယားဟာ နိုဝင်ဘာ ၁ ရက်တုန်းက အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေကို ရပ်တန့်ဖို့ တင်းတင်းမာမာ သတိပေးခဲ့ပြီး မလိုက်နာရင် ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ကြုံရစေမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ကိုရီးယား ကျွန်းဆွယ်နားမှာ မဟာမိတ် နှစ်နိုင်ငံရဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေဟာ ရန်လိုတဲ့ အပြုအမူအဖြစ် မြောက်ကိုရီးယားက အစဉ်တစိုက် သဘောထားလေ့ ရှိပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်လောက် အတွင်းမှာတော့ ကပ်ရောဂါ ဂယက်ကြောင့်ရော၊ မြောက်ကိုရီးယားနဲ့ သံတမန် ဆက်ဆံရေး လမ်းသစ်ဖွင့်ဖို့ ကြိုးစားနေတဲ့အတွက်ပါ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်မှု အတိုင်းအတာကို လျှော့ချခဲ့ပေမယ့် ဒီနှစ်မှာတော့ အလုံးအရင်းနဲ့ ပြန်လည် လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အခုနှစ် နွေရာသီမှာ လွန်လွန်ကဲကဲ ပူပြင်းမှုတွေကြောင့် သေဆုံးသူ ၁၉ ဦးထိ ရှိလာကြောင်း တောင်ကိုရီးယား အစိုးရက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသမှာရှိတဲ့ အမေရိကန် တပ်တွေကို အီရန်က အငိုက်ဖမ်း တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။