Connect with us

Hi, what are you looking for?

သတင်း

MNDAAနှင့် စစ်​ကောင်စီတပ် လားရှိုး လွယ်ဝိန်ရွာအနီးတိုက်ပွဲဖြစ်

လားရှိုးအပြင်ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်၊ မူဆယ်မြို့နယ်တို့တွင်လည်း MNDAA ၏ မဟာမိတ်ဖြစ်သော KIAနှင့် စစ်ကောင်စီတပ်တိုက်ပွဲဖြစ်ပွားနေသည်။

(MNDAA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-The Kokang)
(MNDAA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-The Kokang)

မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(MNDAA)နှင့်စစ်ကောင်စီတပ် တို့ လားရှိုးမြို့နယ် လွယ်ဝိန်ကျေးရွာအနီးတွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေသည်ဟု ဒေသခံများကပြောသည်။

လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်းရှိလွယ်ဝိန်ကျေးရွာအထက်ပိုင်းတွင် ယနေ့(နိုဝင်ဘာ ၂ရက်)ညနေ လေးနာရီခန့်မှစ၍ MNDAAနှင့်စစ်ကောင်စီတို့ တိုက်ပွဲဖြစ်နေခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

“ရုတ်တရက် ထဖြစ်ကြတာ။ စစ်ကြောင်းချင်းထိပ်တိုက်တွေ့တယ်ထင်တယ်။ ပစ်ခတ်နေကြတာ ရှင်းရှင်းလင်းလင်းကြားရတယ်”ဟု လွယ်ဝိန်ကျေးရွာ ဒေသခံတစ်ဦးကပြောသည်။

လားရှိုးအပြင်ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်၊ မူဆယ်မြို့နယ်တို့တွင်လည်း MNDAA ၏ မဟာမိတ်ဖြစ်သော KIAနှင့် စစ်ကောင်စီတပ်တိုက်ပွဲဖြစ်ပွားနေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တရုတ်စီမံကိန်းတွေရှိတဲ့ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းက တောင်မော်ဦးရေတပ်စခန်းဝန်းကျင်နဲ့ မင်းတက်တောင်လမ်းဆုံအနီး သိုင်းချောင်းဝန်းကျင်တို့မှာ စစ်တပ်စခန်း​တွေကို အာရက္ခတပ်တော်(AA)ကတိုက်ခိုက်​နေပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

မြန်မာဖက်ခြမ်းနယ်စပ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေဟာမြန်မာ့ပြည်တွင်းရေးသာဖြစ်ပြီး ထိုင်းရဲ့ လုံခြုံရေးဆိုင်ရာ အခြေအနေတွေကိုတော့ကောင်းကောင်းထိန်းချုပ်ထားနိုင်ကြောင်း ထိုင်းတော်ဝင်ကြည်းတပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကသာမြို့မှာပိတ်မိတဲ့ကားတချို့ မန္တလေးဘက် ပြန်ဆုတ်ခိုင်း၊ ပိတ်မိနေသူတွေဆက်ရှိပြီး သေဆုံးသူ ထပ်တိုး

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနရဲ့ နိုဝင်ဘာ ၇ရက် သတင်းဖော်ပြချက်မှာ အသိပေးထားပါတယ်။