Connect with us

Hi, what are you looking for?

သတင်း

ကုလလူ့အခွင့်အရေးကောင်စီတွင် မြန်မာပြည်သူများကိုယ်စားပြုသော ကိုယ်စားလှယ်တစ်ဦးကို ခွင့်ပြုလက်ခံရန် မြန်မာသံအမတ်ကြီးတိုက်တွန်း

(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာနှင့်စပ်လျဉ်းသည့် မျက်နှာစုံညီအစည်းအဝေး၌ သံအမတ်ကြီးက မိန့်ခွန်းပြောကြားခဲ့ရာ ထည့်သွင်းတိုက်တွန်းခြင်းဖြစ်သည်။

▪️စစ်တပ်တာဝန်ရှိသူများကို ICCသို့ လွှဲပြောင်းရန် ထပ်လောင်းတောင်းဆို

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးများ၌ မြန်မာပြည်သူများကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်တစ်ဦးကို ခွင့်ပြုရန် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ယမန်နေ့တွင် တိုက်တွန်းသည်။

(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာနှင့်စပ်လျဉ်းသည့် မျက်နှာစုံညီအစည်းအဝေး၌ သံအမတ်ကြီးက မိန့်ခွန်းပြောကြားခဲ့ရာ ထည့်သွင်းတိုက်တွန်းခြင်းဖြစ်သည်။

လက်ရှိတွင် ကုလသမဂ္ဂမျက်နှာစာများ၌ စစ်ကောင်စီ ၏ ကိုယ်စားလှယ်များကို လက်ခံအသိအမှတ်ပြုခြင်းမရှိသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ကိုယ်စားလှယ်များကိုလည်း အသိအမှတ်ပြုခြင်းမရှိသေးပေ။

ကုလလူ့အခွင့်အရေးကောင်စီတွင် မြန်မာပြည်သူများကိုယ်စားပြုသော ကိုယ်စားလှယ်တစ်ဦးကို ခွင့်ပြုလက်ခံရန် မြန်မာသံအမတ်ကြီးတိုက်တွန်း
ကုလလူ့အခွင့်အရေးကောင်စီတွင် မြန်မာပြည်သူများကိုယ်စားပြုသော ကိုယ်စားလှယ်တစ်ဦးကို ခွင့်ပြုလက်ခံရန် မြန်မာသံအမတ်ကြီးတိုက်တွန်း

လူ့အခွင့်အရေးကောင်စီသည် မြန်မာပြည်သူများ၏ အသက်များကို ကာကွယ်ရန် မြန်မာစစ်တပ်မှ ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ပြစ်မှုများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား၏ သက်သေအထောက်အထားများကို ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တင်သွင်းခြင်းအပါအဝင် ဖြစ်နိုင်သည့် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ရန်လည်း သံအမတ်ကြီးက တိုက်တွန်းခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မြန်မာစစ်တပ်သည် အခြေခံလူ့အခွင့်အရေးအားလုံးကို ချိုးဖောက်လျက်ရှိပြီး နေ့စဉ် ပြည်သူများ၏ လုံခြုံရေးနှင့်အသက်ရှင်နေထိုင်ခွင့်၊ နှိပ်စက်ခံရမှုမှ တားမြစ်ခြင်း၊ မျှတသည့် တရားရင်ဆိုင်ခွင့်နှင့် လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်တို့ကို ဖျက်ဆီးချိုးဖောက်လျက်ရှိကြောင်း ညီလာခံသို့ အစီရင်ခံသည်။

ကုလလူ့အခွင့်အရေးကောင်စီတွင် မြန်မာပြည်သူများကိုယ်စားပြုသော ကိုယ်စားလှယ်တစ်ဦးကို ခွင့်ပြုလက်ခံရန် မြန်မာသံအမတ်ကြီးတိုက်တွန်း
ကုလလူ့အခွင့်အရေးကောင်စီတွင် မြန်မာပြည်သူများကိုယ်စားပြုသော ကိုယ်စားလှယ်တစ်ဦးကို ခွင့်ပြုလက်ခံရန် မြန်မာသံအမတ်ကြီးတိုက်တွန်း

တရားမဝင်စစ်တပ်အာဏာသိမ်းမှု (၂၁)လတာ ကာလအတွင်း စစ်တပ်မှ အကြမ်းဖက်လုပ်ရပ်မျိုးစုံကို ကျူးလွန်လျက်ရှိရာ ဆယ်စုနှစ် သုံးခုအတွင်း ပထမဆုံးအကြိမ် နိုင်ငံရေးအကျဉ်းသားများကို သေဒဏ်ပေးခြင်းနှင့် ထင်တိုင်းကြဲကာ ပြည်သူများကို ဖမ်းဆီးနေသည့်အပြင် မိသားစုဝင်များကို ဓားစာခံအဖြစ် ပြန်ပေးဆွဲနေသည့် အခြေအနေများကိုလည်း သံအမတ်ကြီးက တင်ပြသည်။

ဆက်လက်ပြီး စစ်တပ်၏ အစုံလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ ပြည်သူများအား လေကြောင်းမှ တိုက်ခိုက်မှုနှင့် မီးရှို့ဖျက်စီးမှုအစရှိသည့် အကြမ်းဖက်လုပ်ရပ်များကို ညီလာခံကို အသိပေးပြောကြားသည်။

ယင်းသို့ မြန်မာစစ်တပ်၏ ဆိုးဝါးသည့် အကြမ်းဖက် လုပ်ရပ်များနှင့်စပ်လျဉ်း၍ ထိရောက်သောအရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ယင်းသက်သေအထောက်အထားများကို အသုံးပြု၍ အပြစ်ကျူးလွန်သူများကို နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းရန် သံအမတ်ကြီးက ထပ်လောင်းဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ဟာ ဆိုးယုတ်တဲ့ အဖွဲ့အစည်း တစ်ခုလို့ သူ့ရဲ့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ထည့်သွင်း စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)မှာ တရားစွဲဆို ခံထားရသူ ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးဟာ စက်တင်ဘာ ၁၆ ရက်နေ့တုန်းက ICCရဲ့ ကနဦးအဆင့် ကြားနာမှု အစီအစဉ်ကို လူကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ခံထားရတဲ့ ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးဟာ မှတ်ဉာဏ်ချွတ်ယွင်းမှု ပြဿနာနဲ့ အကြီးအကျယ် ရုန်းကန်နေရတယ်လို့ သူ့ရဲ့ ရှေ့နေတွေက ပြောပါတယ်။ ICCရဲ့ စည်းမျဉ်းတွေအရ တရားစွဲဆို ခံရပြီး ခုခံလျှောက်လဲမယ့်သူဟာ သူ့အပေါ် တင်ထားတဲ့ စွဲချက်တွေကို...

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ် မပြုဖို့၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဆီးပေးဖို့ တောင်းဆိုလာရင် သူ့ရဲ့ ခရီးစဉ် အတောအတွင်း မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ ကမ္ဘောဒီးယား အစိုးရကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှုအဖွဲ့ Fortify Rightsက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

Facebook