Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံရေးအမှုနဲ့ဖမ်းဆီးခံရတဲ့ လူငယ်ဗေဒင်ဆရာ လင်းညှို့တာရာပြန်လွတ်လာ

လင်းညှို့တာရာကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်က တောင်ဥက္ကလာပမြို့နယ်က နေအိမ်မှာ ဖမ်းဆီးခဲ့တာပါ။

နိုင်ငံရေးအမှုနဲ့ဖမ်းဆီးခံရတဲ့ လူငယ်ဗေဒင်ဆရာ လင်းညှို့တာရာပြန်လွတ်လာ
နိုင်ငံရေးအမှုနဲ့ဖမ်းဆီးခံရတဲ့ လူငယ်ဗေဒင်ဆရာ လင်းညှို့တာရာပြန်လွတ်လာ

စစ်တပ်အာဏာသိမ်းပြီး ၁၀ ရက်အကြာမှာ ဖမ်းခံရတဲ့ လူငယ်ဗေဒင်ဆရာ လင်းညှို့တာရာဟာ ဒီနေ့ မနက်ပိုင်းမှာအင်းစိန်ထောင်ကနေပြန်လည်လွတ်မြောက်လာပြီလို့ သူရဲ့မိတ်ဆွေတွေကလူမှုကွန်ရက်ကနေ အသိပေးလာကြပါတယ်။

လင်းညှို့တာရာကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်က တောင်ဥက္ကလာပမြို့နယ်က နေအိမ်မှာ ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက်ဆူပူအောင် လှုံဆော်မှု ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင် ၂ နှစ်ချခံရပြီး ဒီနေ့မှာတော့ ပြစ်ဒဏ်စေ့လို့လွတ်လာတာလို့သိရပါတယ်။

ဗေဒင်ဆရာ လင်းညှို့တာရာဟာ စစ်အာဏာရှင်ပြုတ်ကျရေး အတွက် ဖယောင်းတိုင်ပေါ်မှာ အပ်ကိုးချောင်းစိုက်တဲ့ လောကီအစီအရင်တစ်ခုကို လူမှုကွန်ရက်မှာ ရေးသားဖြန့်ဝေမှုကြောင့် စစ်အုပ်စုက ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

ဆောင်းပါး

ဗြိတိန်နိုင်ငံရေးလောကမှာ အချိန်အတော်ကြာ လူသိများခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ အင်ဒီ ဘန်းဟမ်း (Andy Burnham) ဟာ အခုအခါမှာတော့ နိုင်ငံရဲ့အမြင့်ဆုံးရာထူးဖြစ်တဲ့ ဝန်ကြီးချုပ် နေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။