Connect with us

Hi, what are you looking for?

သတင်း

အိုးဘိုထောင်မှာ နိုင်ကျဉ်းလူငယ်တစ်ဦး နှလုံးရပ်ပြီး ဆုံးပါး

နိုဝင်ဘာလ ၇ ရက် ညပိုင်း ၈ နာရီခန့်မှာ ဆုံးပါးသွားတာလို့ မန္တလေးရဲ့တော်လှန်ရေးမြေပြင်ကင်းထောက်ဖေ့ဘွတ်ခ်စာမျက်နှာ VOMDY က အသိပေးဖော်ပြပါတယ်။

အိုးဘိုထောင်မှာ နိုင်ကျဉ်းလူငယ်တစ်ဦး နှလုံးရပ်ပြီး ဆုံးပါး
အိုးဘိုထောင်မှာ နိုင်ကျဉ်းလူငယ်တစ်ဦး နှလုံးရပ်ပြီး ဆုံးပါး

နွေဦးတော်လှန်ရေးအတွင်း ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသားလူငယ်တစ်ဦး နှလုံးရပ်ပြီး အိုးဘိုထောင်ထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆုံးပါးသွားတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၇ ရက် ညပိုင်း ၈ နာရီခန့်မှာ ဆုံးပါးသွားတာလို့ မန္တလေးရဲ့တော်လှန်ရေးမြေပြင်ကင်းထောက်ဖေ့ဘွတ်ခ်စာမျက်နှာ VOMDY က အသိပေးဖော်ပြပါတယ်။

ဆုံးပါးသွားတဲ့ နိုင်ငံရေးအကျဉ်းသားအမည်ဟာ အိမ့်သူထက် လို့သိရပြီး မဟာအောင်မြေမြို့နယ် ၊ရွှေဘုန်းရှိန်ရပ်ကွက်မှာနေထိုင်သူဖြစ်ကာ ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နဲ့မတရား ဖမ်းဆီးခံထားရသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကတော့ အိုးဘိုထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတစ်ဦး လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရလို့ ဆုံးပါးခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံရေးအကျဉ်းသားတွေအပေါ် စစ်အုပ်စုရဲ့ ထောင်တွင်းဖိနှိပ်မှု တွေ ရှိနေတယ်လို့ ထောင်တွင်းကနေ လွတ်မြောက်လာတဲ့ နိုင်ကျဉ်းတွေက ထုတ်ဖော်ပြောဆိုထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။