Connect with us

Hi, what are you looking for?

သတင်း

အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသား ၂၅၀ သာယာဝတီထောင်ဆီပြောင်းရွှေ့ခံရ

အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသား တွေကို နယ်ထောင်တွေဆီရွှေ့တာဟာ ဒီတကြိမ် အပါအဝင် လေးကြိမ်းမြောက် ရှိလာပြီလို့သိရပါတယ်။

Photo - CNN
Photo - CNN

အင်းစိန်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၂၅၀ ကို ပြီးခဲ့တဲ့စနေ့နေ့ (စက်တင်ဘာလ ၂၄)ရက်က သာယာဝတီထောင်ဆီ ပြောင်းရွှေ့လိုက်တယ်လို့သိရပါတယ်။

ဒီလို ထောင်ပြောင်းခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲ အမျိုးသမီး နိုင်ငံရေးအကျဉ်းသား ၅၀ ဦး ပါဝင်တယ်လို့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ)ကထုတ်ပြန်အသိပေးထားပါတယ်။

အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသား တွေကို နယ်ထောင်တွေဆီရွှေ့တာဟာ ဒီတကြိမ် အပါအဝင် လေးကြိမ်းမြောက် ရှိလာပြီလို့သိရပါတယ်။

ထောင်ပြောင်းတာကို စနေနေ့ မှာ ပြုလုပ်တာဟာ တနင်္ဂနွေနေ့ ထောင်ရုံးပိတ်ရက်ဖြစ်တာကြောင့် မိသားစုဝင်တွေ လိုက်လံစုံစမ်းမရအောင် စစ်ကောင်စီဘက်က ကြိုတင်အကွက်ချ စီမံတာလို့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ) က သုံးသပ်ထားပါတယ်။

Public Service Announcement

Public Service Announcement

ထောင်ပြောင်းခံရတဲ့အထဲ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသား၊ကျောင်းသူတွေလည်းတယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်ဝေခံ ထောင်အာဏာပိုင်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်တွင်းဖိနှိပ်မှုတွေ နေ့စဉ်နဲ့အမျှ ပြုလုပ်နေပါတယ်။

အင်းစိန်ထောင်မှာဆို ထောင်တွင်းဆန္ဒပြပွဲတွေမှာပါဝင်သူတွေကို အပြင်းအထန် ရိုက်နှက်တာ ၊ ဆေးဝါးကုသခွင့်မပေးတာ ၊ ကာလရှည်ကြာ တိုက်ပိတ်တာ ၊ရေဖြတ်တောက်တာ ၊ ရာဇဝတ်မှုနဲ့ ကျနေတဲ့ အဆောင်ဘက်တွေဆီ ပြောင်းရွှေ့ပစ်တာတွေကိုထောင်အာဏာပိုင်တွေဟာ လုပ်ဆောင်ခဲ့ကြပါတယ်။

ဒါအပြင် နယ်ထောင်တွေဆီရွှေ့တဲ့အခါမှာလည်းရောက်ရှိရာထောင်မှာ နှိပ်စက်မှုတွေဆက်လက်ခံစားနေကြရတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

သံမဏီနှင်းဆီနဲ့ သ​​င်​ကေတပြုထားတဲ့လူထု​​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ​မွေး​နေ့ရက်​တွေဟာ တကယ်​တော့ လူတစ်ဦးရဲ့​မွေး​နေ့ထက် အဓိပ္ပါယ်​လေးနက်ပါတယ်။ လူထု​​ခေါင်း​ဆောင်အ​ပေါ် ပြည်သူတွေရဲ့ချစ်ခြင်း​မေတ္တာပြသခြင်းရဲ့ပြယုဂ်ခြင်းဖြစ်ပါတယ်။ဒါအပြင် လူထု​ခေါင်း​ဆောင်ရဲ့ ဒီမိုက​ရေစီအတွက် ခက်ခဲကြမ်းတမ်းလှတဲ့လမ်းကို​​လျှောက်လှမ်းရ​ပေမယ့် ​နောက်မတွန့်ပဲ ပန်းတိုင်ဆီ သတ္တိအပြည့်နဲ့ ချီတက်​နေတဲ့ လမ်းစဥ်ကို ယုံကြည်တယ်၊လိုက်နာမယ်ဆိုတဲ့ အချက်ပြ​မှု​တွေလည်းဖြစ်ပါတယ် ။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ အာဆီယံခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။

သတင်း

တန်းစီးချုပ်ကိုဦးက ​မြောက်ဥက္ကလာပမျက်နှာဖုံးလူသတ်မှုက အမှုတွဲဖြစ်

သတင်း

သမ္မတဦးဝင်းမြင့်ကို မိသားစုနဲ့တွေ့ဆုံစေတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို နေရာရွှေ့ပြောင်းတာ တွေဟာ စစ်အုပ်စုရဲ့နိုင်ငံရေးလှည့်စားချက်ဟု ထုတ်ပြန်