Connect with us

Hi, what are you looking for?

သတင်း

စာရေးဆရာ အကြည်တော် ကွယ်လွန်

ယနေ့ (နိုဝင်ဘာလ ၉ ရက်နေ့) ည ၈ နာရီ ၂၃ မိနစ်အချိန်တွင် နှလုံးအခုန်ရပ်ကာ ရန်ကုန်မြို့ ပင်လုံဆေးရုံ၌ ကွယ်လွန်သွားခဲ့ကြောင်း မိသားစုဝင်များက အသိပေးသည်။

စာရေးဆရာ အကြည်တော် ကွယ်လွန်
စာရေးဆရာ အကြည်တော် ကွယ်လွန်

မြန်မာနိုင်ငံတွင် ထင်ရှားသည့် ဟာသစာရေးဆရာတစ်ဦးဖြစ်သော အကြည်တော်သည် ယနေ့ညပိုင်းက ကွယ်လွန်သွားခဲ့​သည်။

ယနေ့ (နိုဝင်ဘာလ ၉ ရက်နေ့) ည ၈ နာရီ ၂၃ မိနစ်အချိန်တွင် နှလုံးအခုန်ရပ်ကာ ရန်ကုန်မြို့ ပင်လုံဆေးရုံ၌ ကွယ်လွန်သွားခဲ့ကြောင်း မိသားစုဝင်များက အသိပေးသည်။

ဆရာအကြည်တော်သည် လေပြွန်ကင်ဆာသံသယကြောင့် ၂၀၂၂ ခုနှစ် ၊ စက်တင်ဘာ နောက်ဆုံးပတ်အတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်ဆေးကုသမှုခံယူခဲ့ရသည်။

အောက်တိုဘာ ၁၃ရက်နေ့တွင် ထိုင်းမှ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီးနောက် ရုတ်တရက်ကျန်းမာရေးဆိုးရွားလာသဖြင့် ပင်လုံဆေးရုံသို့ တက်ရောက်ကုသမှုခံယူနေရင်း ယနေ့ ည ၈ နာရီ မိနစ်၂၀ ကျော်တွင် ကွယ်လွန်သွားခဲ့သည်။

Public Service Announcement

Public Service Announcement

သူမကွယ်လွန်မီ လအနည်းငယ်က ကိုယ်တိုင်ရွတ်ဆိုထားသည့် ကဗျာနှင့်ဂီတ ပေါင်းစပ်ထားသော ကဗျာဂီတအယ်လ်ဘမ်ကိုထုတ်ဝေခဲ့သည်။

ဆရာအကြည်တော်သည် ကွယ်လွန်ချိန်၌ အသက်(၅၀နှစ်) သာရှိသေးသည်။

အကြည်တော် သည် ၁၉၈၈ ခုနှစ်မှစ၍ကိုကိုကြီးကလောင်အမည်ဖြင့် စာပေလောကသို့ စတင် ဝင်ရောက်ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် အကြည်တော် အမည်ဖြင့် လုံးချင်းဝတ္ထုများ စတင်ရေးသားခဲ့သည်။

ဘီလူးဟာသဝတ္ထုလုံးချင်းဖြင့် နာမည်ရလာခဲ့​သော၎င်းသည် ဟာသဝတ္ထုပေါင်းများစွာ ရေးသားခဲ့ပြီး ကဗျာနှင့် သီချင်းများကိုလည်း ရေးသားသီဆိုခဲ့သည်။

၎င်း၏ ဟာသဝတ္ထုများအား ရုပ်ရှင်ဇာတ်ကားကြီးများအဖြစ် အသွင်ပြောင်းရိုက်ကူးခဲ့ပြီး အကြည်တော်ကိုယ်တိုင် ဇာတ်ညွှန်းရေးသားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားစာပေဆုရှင် စာရေးဆရာ (ဦး) တင်ညွှန့် နဲ့ စာအုပ်ထုတ်ဝေရေးလုပ်ကိုင်နေသူ သားဖြစ်သူတို့ကို ဧပြီလ ၂၃ ရက်က ရန်ကုန်မြို့ ၊ သန်လျင်မြို့နယ်မှာရှိတဲ့နေအိမ်မှာ စစ်တပ်က ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူအချို့ထံကသိရပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးဇော်သိန်း (ခ)ကိုဘိုဘို (ခ)ကိုဘီလားဟာ ဧပြီ ၇ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုးဟာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့်ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ပွက်ပွက်ဆူနေတဲ့ ရေနွေးကို သောက်ဖို့ အတင်းအကျပ် ဖိအားပေး ခံခဲ့ရတဲ့ ကလေးငယ် တစ်ဦးဟာ မသေဆုံးခင်မှာ သူ့ကို အဓမ္မ ခိုင်းစေခဲ့သူကို ဖော်ထုတ်သွားခဲ့ပါတယ်။