Connect with us

Hi, what are you looking for?

သတင်း

ကဗျာဆရာ၊ စာရေးဆရာ ကြည်ဇော်အေးကွယ်လွန်

ဆရာကြည်​ဇော်​အေး အရွယ်ငယ်ငယ်မှာပင်ကွယ်လွန်သွားသဖြင့် စာ​ပေ​လောကနှင့် စာဖတ်သူ၊ကဗျာချစ်သူများက ဝမ်းနည်းနှာ​မြောတသ​ကြောင်း​ရေးသား​နေကြသည်။ကြည်​ဇော်​အေး ​ရေးသားခဲ့​သော ကဗျာစာသားများကို ​ဖေရ်ဘွခ်လူမှုကွန်ယက်တွင်တင်၍ နှုတ်ဆက်​​နေကြသည်။

(စာအုပ်သစ်မိတ်ဆက်ပွဲတွင် လက်မှတ်ထိုး​ပေး​နေ​သောဆရာကြည်​​ဇော်​အေး။ ဓါတ်ပုံ- KZA FB)
(စာအုပ်သစ်မိတ်ဆက်ပွဲတွင် လက်မှတ်ထိုး​ပေး​နေ​သောဆရာကြည်​​ဇော်​အေး။ ဓါတ်ပုံ- KZA FB)

ထင်ရှားသည့် ကဗျာဆရာ၊ စာရေးဆရာ ကြည်ဇော်အေးသည် ယနေ့ အောက်တိုဘာလ ၃ ရက် နံနက်ခင်းပိုင်းက ကွယ်လွန်သွားခဲ့သည်။

၁၉၇၈ ခုနှစ်ဖွား ဆရာကြည်ဇော်အေးသည် နံနက်ဖြန် အောက်တိုဘာလ ၄ ရက်နေ့တွင်အသက် ၄၄ နှစ် ပြည့်မည်ဖြစ်သည်။

ယနေ့ အောက်တိုဘာလ ၃ ရက် နံနက် ၁ နာရီခွဲခန့်က သတိလစ်သွားခဲ့ခြင်းဖြစ်ပြီး အရေးပေါ်ဆေးရုံတင်ခဲ့ရကြောင်း၊ ဦးနှောက်သွေးကြောပေါက်သွားသည်ဟု ဆရာဝန်က ပြောကြားခဲ့ကြောင်း၊ ယနေ့နံနက် ၈ နာရီ ၁၅ ခန့်တွင် ဆုံးပါးသွားခဲ့ကြောင်း မိသားစုဝင်တစ်ဦးက အသိပေးသည်။

ဆရာကြည်​ဇော်​အေး အရွယ်ငယ်ငယ်မှာပင်ကွယ်လွန်သွားသဖြင့် စာ​ပေ​လောကနှင့် စာဖတ်သူ၊ကဗျာချစ်သူများက ဝမ်းနည်းနှာ​မြောတသ​ကြောင်း​ရေးသား​နေကြသည်။ကြည်​ဇော်​အေး ​ရေးသားခဲ့​သော ကဗျာစာသားများကို ​ဖေရ်ဘွခ်လူမှုကွန်ယက်တွင်တင်၍ နှုတ်ဆက်​​နေကြသည်။

Public Service Announcement

Public Service Announcement

“စစ်ကြီးပြီးရင်

အချစ်သီချင်း​လေးတွေပဲနား​ထောင်ကြမယ်

ချစ်သူများသာ

အဓွန့်ရှည်ပါ​စေ” ဆို​သောကဗျာစာပိုဒ်နှင့်

မကွယ်လွန်မီ နာရီပိုင်းအလိုက​ရေးဖွဲ့ခဲ့​သော

“လာမယ့်​ဆောင်းရာသီ”ကဗျာတို့ကို ​ဖေစ်ဘွခ်လူမှုကွန်ယက်တွင်မျှ​ဝေ​နေကြသည်။

စစ်အုပ်စုအာဏာသိမ်းကာလအတွင်း စာရေးဆရာ၊ ကဗျာဆရာများ​အနက် ကွယ်လွန်သွားသူများမှာပြီးခဲ့သည့် သြဂုတ်လအတွင်းက ဆရာမောင်ပေါ်ထွန်းနှင့် ဆရာလူထုဦးသစ်လွင်၊ ဇူလိုင်လအတွင်းက ဆရာမောင်သာနိုး၊ ၂၀၂၁ ခုနှစ် သြဂုတ်လက ဆရာညီစေမင်း၊ ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းက ဆရာသိုက်ထွန်းသက်တို့ဖြစ်သည်။

၂၀၂၁ ခုနှစ် မေလအတွင်းကလည်းထင်ရှား​​သောတော်လှန်

ရေး က​ဗျာဆရာ ခက်သီသည် ရွှေဘိုမြို့၌ စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ပြီးနောက် စစ်ကြောရေးတွင် စစ်တပ်ကသတ်ဖြတ်၍ကျဆုံးခဲ့သည်။

မုံရွာမြို့နေ ကဗျာဆရာကေဇဝင်းသည်လည်းအာဏာသိမ်းစ ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့က ဘုရားနီအနီး သပိတ်စစ်ကြောင်း၌ စစ်ကောင်စီတပ်၏ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့မှုကြောင့် ကျဆုံးခဲ့ရပြီး ၎င်းအပါအဝင် ၉ ဦး၏ ရုပ်အလောင်းများအား စစ်ကောင်စီတပ်က တရွတ်တိုက်ဆွဲယူသွားခဲ့ခြင်းဖြစ်သည်။

ဆရာကြည်​ဇော်​အေး မကွယ်လွန်ခင်နာရီပိုင်းအလို ၂၀၂၂ ​အောက်တိုဘာ ၂ ရက်တွင်​ရေးဖွဲ့ခဲ့​သောကဗျာကို​ဖော်ပြ​ပေးလိုက်ပါသည်။

▪︎လာမယ့်ဆောင်းရာသီ

မလုံခြုံမှုမီးခိုးများဟာ

အူနေတယ်

လေထု ပွန်းပဲ့

ရဟတ်များလည်ပတ်လျက်

ခြောက်ကပ်လယ်ယာမြေပေါ်

စိုစွတ်နေတဲ့သွေးစ

အသားစ

အရိုးစ

အပူချိန်ဟာ

အိမ်ခေါင်မိုးတွေဆီကနေ

ဖြာကျ

တခါတခါ

ကလေးတယောက်ရဲ့ငိုသံ

တခါတခါ

အမယ်အိုတယောက်ရဲ့ညည်းသံ

“စစ်ဖြစ်နေမှတော့

အချစ်စစ်နဲ့လည်းဘယ်တွေ့နိုင်ပါ့မလဲ”

လူငယ်တယောက်က အံကြိတ်ပြီးပြောတယ်

“ခွေးမသားတွေ

ခွေးကျွေးတောင်မစားဘူး” တဲ့

အဖိုးအိုတယောက်က

တောက်ခေါက်တယ်

ဆေးမရှိတဲ့ရောဂါနဲ့တူတဲ့

လမ်းကမှားနေတယ်

ဆောင်းဝင်တော့မယ်

အချစ်ထက်ပိုပြီး

ဘယ်မီးဖိုက နွေးပါ့မလဲ

နာကျင်မှုကိုသာ

လှုံကြ ။ ။

ဆက်စပ်သတင်းများ

အတွေးအမြင်

ကျနော့်ကို မေ့နေကြပြီလားလို့ ကိုမင်းထင်(မင်းထင်ကိုကိုကြီး)ကမေးခွန်းထုတ်လိုက်တော့ ကျနော် လှိုက်ခနဲဖြစ်သွားရတယ်။

သတင်း

နိုင်ငံရေးအကျဉ်းသားဟောင်းကဗျာဆရာ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကွယ်လွန်သွားတယ်လို့ သူရဲ့တူ‌ တော်လှန်အနုပညာရှင် ဒါရိုက်တာကိုပေါက်က အသိပေးထားပါတယ်။

သတင်း

အမျိုးသားစာပေဆုရှင် စာရေးဆရာ (ဦး) တင်ညွှန့် နဲ့ စာအုပ်ထုတ်ဝေရေးလုပ်ကိုင်နေသူ သားဖြစ်သူတို့ကို ဧပြီလ ၂၃ ရက်က ရန်ကုန်မြို့ ၊ သန်လျင်မြို့နယ်မှာရှိတဲ့နေအိမ်မှာ စစ်တပ်က ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူအချို့ထံကသိရပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးဇော်သိန်း (ခ)ကိုဘိုဘို (ခ)ကိုဘီလားဟာ ဧပြီ ၇ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။