Connect with us

Hi, what are you looking for?

သတင်း

မူဆယ်တွင် ပြည်သူ့စစ်အဖွဲ့ပိုင်မိုတယ်အနီးဗုံး​​ပေါက်ကွဲ

မင်္ဂလာမူဆယ်အိမ်ယာနှင့် ဆင်ဖြူရှင်နယ်စပ်ဂိတ်ပေါက်နီးရှိ Top One Motel ရှေ့တွင် ယနေ့(နိုဝင်ဘာလ ၁၄ရက်) နေ့လည် ၁၂နာရီ​ကျော်တွင်ပေါက်ကွဲ​ခဲ့ခြင်းဖြစ်သည်။

ဗုံးမ​ပေါက်ကွဲခင် ၂ စက္ကန့်အလိုတွင် ပြဘ်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးကလမ်းရှင်း​နေစဥ်။ ဓါတ်ပုံ-CCTV မှတ်တမ်း
ဗုံးမ​ပေါက်ကွဲခင် ၂ စက္ကန့်အလိုတွင် ပြဘ်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးကလမ်းရှင်း​နေစဥ်။ ဓါတ်ပုံ-CCTV မှတ်တမ်း

မူဆယ်မြို့ ရှိ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်ပိုင်မိုတယ်တစ်ခုအနီး ယနေ့နေ့လည်ပိုင်း ဗုံးပေါက်ကွဲခဲ့သည်။

မင်္ဂလာမူဆယ်အိမ်ယာနှင့် ဆင်ဖြူရှင်နယ်စပ်ဂိတ်ပေါက်နီးရှိ Top One Motel ရှေ့တွင် ယနေ့(နိုဝင်ဘာလ ၁၄ရက်) နေ့လည် ၁၂နာရီ​ကျော်တွင်ပေါက်ကွဲ​ခဲ့ခြင်းဖြစ်သည်။

” Top One Motel က မန်ပြိန်းပြည်သူ့စစ်အုပ်စုကပိုင်တာ။ အဲ့ဒီနားတင် သုံးလုံးပေါက်တာ” ဟုဒေသခံတစ်ဦးကပြောသည်။

ပေါက်ကွဲမှုကြောင့် ထိခိုက်မှုရှိမရှိကိုမူမသိရသေးပေ။အွန်လိုင်းတွင်ပျံ့နှံ့​နေ​သောရုပ်သံဖိုင်တွင်ဗုံးတစ်လုံးကွဲပြီး​နောက်မိုတယ်လုံခြုံ​ရေးပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ကလမ်းကျွန်းအ

Public Service Announcement

Public Service Announcement

လမ်းလယ်ကျွန်းအနီးအထုပ်မှ ဗုံး​ပေါက်ကွဲစဥ်။
ဓါတ်ပုံ-CCTV မှတ်တမ်း
လမ်းလယ်ကျွန်းအနီးအထုပ်မှ ဗုံး​ပေါက်ကွဲစဥ်။ ဓါတ်ပုံ-CCTV မှတ်တမ်း

နီးရှိ ​နောက်ထပ်ဗုံးတစ်ခုအနီးရပ်၍ ဆိုင်ကယ်စီး ​ဒေသခံများကို ရှင်းလင်း​​နေစဥ် ​ဗုံးထပ်​ပေါက်သည်ကို​တွေ့ရသည်။​ပေါက်ကွဲပြီး​နောက် ပြည်သူနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ လမ်း​ဘေးသို့ ​ပြေးသွား​သော်လည်း ထိခိုက်မှုရှိ၊မရှိကိုမူမသိရ​ပေ။

Public Service Announcement
Public Service Announcement

ရုပ်သံဖိုင်တွင်ဗုံး​ပေါက်ကွဲ​သည်ကို ကြည်ရှု့ခဲ့သောပြည်သူတစ်ဦးက ဗုံးမှာ အား​ပျော့​သောဗုံးဖြစ်နိုင်သည်ဟုသူ၏အမြင်ကို​ပြောသည်။

မူဆယ်တွင်အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်အဖွဲ့ ငါးဖွဲ့ မကရှိနေပြီး မကြာခဏလည်း ပစ်မှတ်ထားတိုက်ခိုက်ခံရ​လေ့ရှိသည်။

ဗုံး​ပေါက်ကွဲပြီးအနီးရှိပြည်သူစစ်က လမ်း​ဘေးသို့​ပြေး​နေစဥ်။
ဓါတ်ပုံ-CCTV မှတ်တမ်း
ဗုံး​ပေါက်ကွဲပြီးအနီးရှိပြည်သူစစ်က လမ်း​ဘေးသို့​ပြေး​နေစဥ်။ ဓါတ်ပုံ-CCTV မှတ်တမ်း

ပြီးခဲ့သည့်စက်တင်ဘာနှင့်သြဂုတ်လအတွင်းစစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ သုံးကြိမ်တိုက်ခိုက်ခံရပြီး လေးဦးသေဆုံးခဲ့သည်။စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်များနှင့် Non CDM များကို တိုက်ခိုက်သွားမည်ဟု တော်လှန်ရေးအင်အားစုများကထုတ်ပြန်သတိ​​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ပြည်သူ့စစ်တွေအသတ်ခံရပြီးနောက် စစ်တပ်အင်အား၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုး

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။

သတင်း

ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်က နောင်းမီရွာဒေသခံ ၄ဦးကို စစ်တပ် လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း အဲဒီအဖွဲ့က ဝန်ခံခဲ့ပေမဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ ပြန်ပေးအပ်တာမရှိဘူးလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

Facebook