Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မူဆယ်တွင် ပြည်သူ့စစ်အဖွဲ့ပိုင်မိုတယ်အနီးဗုံး​​ပေါက်ကွဲ

မင်္ဂလာမူဆယ်အိမ်ယာနှင့် ဆင်ဖြူရှင်နယ်စပ်ဂိတ်ပေါက်နီးရှိ Top One Motel ရှေ့တွင် ယနေ့(နိုဝင်ဘာလ ၁၄ရက်) နေ့လည် ၁၂နာရီ​ကျော်တွင်ပေါက်ကွဲ​ခဲ့ခြင်းဖြစ်သည်။

ဗုံးမ​ပေါက်ကွဲခင် ၂ စက္ကန့်အလိုတွင် ပြဘ်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးကလမ်းရှင်း​နေစဥ်။ ဓါတ်ပုံ-CCTV မှတ်တမ်း
ဗုံးမ​ပေါက်ကွဲခင် ၂ စက္ကန့်အလိုတွင် ပြဘ်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးကလမ်းရှင်း​နေစဥ်။ ဓါတ်ပုံ-CCTV မှတ်တမ်း

မူဆယ်မြို့ ရှိ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်ပိုင်မိုတယ်တစ်ခုအနီး ယနေ့နေ့လည်ပိုင်း ဗုံးပေါက်ကွဲခဲ့သည်။

မင်္ဂလာမူဆယ်အိမ်ယာနှင့် ဆင်ဖြူရှင်နယ်စပ်ဂိတ်ပေါက်နီးရှိ Top One Motel ရှေ့တွင် ယနေ့(နိုဝင်ဘာလ ၁၄ရက်) နေ့လည် ၁၂နာရီ​ကျော်တွင်ပေါက်ကွဲ​ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

” Top One Motel က မန်ပြိန်းပြည်သူ့စစ်အုပ်စုကပိုင်တာ။ အဲ့ဒီနားတင် သုံးလုံးပေါက်တာ” ဟုဒေသခံတစ်ဦးကပြောသည်။

ပေါက်ကွဲမှုကြောင့် ထိခိုက်မှုရှိမရှိကိုမူမသိရသေးပေ။အွန်လိုင်းတွင်ပျံ့နှံ့​နေ​သောရုပ်သံဖိုင်တွင်ဗုံးတစ်လုံးကွဲပြီး​နောက်မိုတယ်လုံခြုံ​ရေးပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ကလမ်းကျွန်းအ

လမ်းလယ်ကျွန်းအနီးအထုပ်မှ ဗုံး​ပေါက်ကွဲစဥ်။
ဓါတ်ပုံ-CCTV မှတ်တမ်း
လမ်းလယ်ကျွန်းအနီးအထုပ်မှ ဗုံး​ပေါက်ကွဲစဥ်။ ဓါတ်ပုံ-CCTV မှတ်တမ်း

နီးရှိ ​နောက်ထပ်ဗုံးတစ်ခုအနီးရပ်၍ ဆိုင်ကယ်စီး ​ဒေသခံများကို ရှင်းလင်း​​နေစဥ် ​ဗုံးထပ်​ပေါက်သည်ကို​တွေ့ရသည်။​ပေါက်ကွဲပြီး​နောက် ပြည်သူနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ လမ်း​ဘေးသို့ ​ပြေးသွား​သော်လည်း ထိခိုက်မှုရှိ၊မရှိကိုမူမသိရ​ပေ။

Public Service Announcement
Public Service Announcement

ရုပ်သံဖိုင်တွင်ဗုံး​ပေါက်ကွဲ​သည်ကို ကြည်ရှု့ခဲ့သောပြည်သူတစ်ဦးက ဗုံးမှာ အား​ပျော့​သောဗုံးဖြစ်နိုင်သည်ဟုသူ၏အမြင်ကို​ပြောသည်။

Public Service Announcement

Public Service Announcement

မူဆယ်တွင်အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်အဖွဲ့ ငါးဖွဲ့ မကရှိနေပြီး မကြာခဏလည်း ပစ်မှတ်ထားတိုက်ခိုက်ခံရ​လေ့ရှိသည်။

ဗုံး​ပေါက်ကွဲပြီးအနီးရှိပြည်သူစစ်က လမ်း​ဘေးသို့​ပြေး​နေစဥ်။
ဓါတ်ပုံ-CCTV မှတ်တမ်း
ဗုံး​ပေါက်ကွဲပြီးအနီးရှိပြည်သူစစ်က လမ်း​ဘေးသို့​ပြေး​နေစဥ်။ ဓါတ်ပုံ-CCTV မှတ်တမ်း

ပြီးခဲ့သည့်စက်တင်ဘာနှင့်သြဂုတ်လအတွင်းစစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ သုံးကြိမ်တိုက်ခိုက်ခံရပြီး လေးဦးသေဆုံးခဲ့သည်။စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်များနှင့် Non CDM များကို တိုက်ခိုက်သွားမည်ဟု တော်လှန်ရေးအင်အားစုများကထုတ်ပြန်သတိ​​ပေးထားသည်။