Connect with us

Hi, what are you looking for?

သတင်း

ဘုရားသုံးဆူလမ်းပေါ်က ကျေးရွာထဲကို စစ်တပ်ကလက်နက်ကြီးနှင့်ဆက်တိုက်ပစ်ခတ်

လက်ရှိအချိန်ထိလည်း ပစ်ခတ်သံများဆက်လက်ရှိနေသေးပြီး ပစ်ခတ်မှုကြောင့် ထိခိုက်မှုအခြေအနေများအား ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဘုရားသုံးဆူလမ်းပေါ်က ကျေးရွာထဲကို စစ်တပ်ကလက်နက်ကြီးနှင့်ဆက်တိုက်ပစ်ခတ်
ဘုရားသုံးဆူလမ်းပေါ်က ကျေးရွာထဲကို စစ်တပ်ကလက်နက်ကြီးနှင့်ဆက်တိုက်ပစ်ခတ်

ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းပေါ်တွင်ရှိသော လွတ်ရှမ်းကျေးရွာအတွင်းသို့ ယနေ့ နံနက်အစောပိုင်းကစ၍ စစ်ကောင်စီတပ်က လက်နက် ကြီးနှင့်အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး လေကြောင်းကပါ တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)နယ်မြေ ဝင်းရေမြို့နယ်အတွင်းတွင်ရှိသည့် လွတ်ရှမ်းကျေးရွာတွင် ယနေ့ နိုဝင်ဘာလ(၁၅)ရက် မနက်အစောပိုင်းကစပြီး စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တို့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့သည်ဟု သိရသည်။

ဒေသခံများ၏ ပြောဆိုချက်အရ လွတ်ရှမ်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီဂိတ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ ထိတွေ့တိုက်ပွဲများဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သံဖြူဇရပ်အမြောက်တပ်နှင့် အနန်းကွင်းမှာရှိသော စစ်ကောင်စီဗျူဟာကနေ လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီဘက်က လေကြောင်းဖြင့်ပါ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ကနဦးသတင်းအရ သိရသည်။

Public Service Announcement

Public Service Announcement

လက်ရှိအချိန်ထိလည်း ပစ်ခတ်သံများဆက်လက်ရှိနေသေးပြီး ပစ်ခတ်မှုကြောင့် ထိခိုက်မှုအခြေအနေများအား ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်