Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဘုရားသုံးဆူလမ်းပေါ်က ကျေးရွာထဲကို စစ်တပ်ကလက်နက်ကြီးနှင့်ဆက်တိုက်ပစ်ခတ်

လက်ရှိအချိန်ထိလည်း ပစ်ခတ်သံများဆက်လက်ရှိနေသေးပြီး ပစ်ခတ်မှုကြောင့် ထိခိုက်မှုအခြေအနေများအား ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဘုရားသုံးဆူလမ်းပေါ်က ကျေးရွာထဲကို စစ်တပ်ကလက်နက်ကြီးနှင့်ဆက်တိုက်ပစ်ခတ်
ဘုရားသုံးဆူလမ်းပေါ်က ကျေးရွာထဲကို စစ်တပ်ကလက်နက်ကြီးနှင့်ဆက်တိုက်ပစ်ခတ်

ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းပေါ်တွင်ရှိသော လွတ်ရှမ်းကျေးရွာအတွင်းသို့ ယနေ့ နံနက်အစောပိုင်းကစ၍ စစ်ကောင်စီတပ်က လက်နက် ကြီးနှင့်အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး လေကြောင်းကပါ တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)နယ်မြေ ဝင်းရေမြို့နယ်အတွင်းတွင်ရှိသည့် လွတ်ရှမ်းကျေးရွာတွင် ယနေ့ နိုဝင်ဘာလ(၁၅)ရက် မနက်အစောပိုင်းကစပြီး စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တို့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့သည်ဟု သိရသည်။

ဒေသခံများ၏ ပြောဆိုချက်အရ လွတ်ရှမ်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီဂိတ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ ထိတွေ့တိုက်ပွဲများဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သံဖြူဇရပ်အမြောက်တပ်နှင့် အနန်းကွင်းမှာရှိသော စစ်ကောင်စီဗျူဟာကနေ လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီဘက်က လေကြောင်းဖြင့်ပါ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ကနဦးသတင်းအရ သိရသည်။

Public Service Announcement

Public Service Announcement

လက်ရှိအချိန်ထိလည်း ပစ်ခတ်သံများဆက်လက်ရှိနေသေးပြီး ပစ်ခတ်မှုကြောင့် ထိခိုက်မှုအခြေအနေများအား ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

သင်္ကြန်အတက်နေ့ ချင်းတွင်းမြစ်ကမ်းဘေးအပူက အလျံတငြီးငြီးနဲ့ တောက်လောင်နေတယ်။ သဲတွေဟာ မီးကြီးခဲတွေ နုတ်နုတ်စင်းထားသလိုမျိုး ထိလိုက်တာနဲ့ မခံမရပ်နိုင်အောင် ပူလောင်လွန်းလှတယ်။

သတင်း

တနင်္သာရီတိုင်းတွင် KNLA က​ဒေသခံ​တော်လှန်​ရေးတပ်ဖွဲ့များနှင့်ပူး​ပေါင်း၍ စစ်​ကောင်စီတပ်ကို ယခုလပိုင်းအတွင်းပိုမိုတိုက်ခိုက်​လာရာ စစ်​ကောင်စီတပ်အထိနာ​နေသည်။

သတင်း

စစ်ကောင်စီသည် မတ်လ ၂၇ရက်တွင် ညောင်ရွှေမြို့နယ် ထီခိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူအချို့ ပိတ်မိနေကြောင်း အသိပေးသည်။

သတင်း

စစ်ကောင်စီထောက်တိုင်များလည်း ပြည်သူများအား ဆက်လက် ဖိအားပေးနေပါက အရေးယူဆောင်ရွက်သွားမည်ဟု ​ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။