Connect with us

Hi, what are you looking for?

သတင်း

တမူး-မိုး​ရေးနယ်စပ်ကုန်သွယ်ရေးစခန်းကိုအိန္ဒိယကသုံးလပိတ်

နယ်စပ်ဂိတ်ပိတ်သိမ်းလိုက်ခြင်းကြောင့်ကုန်သွယ်ရေထိခိုက်ပြီး ကုန်ဈေးနှုန်းမြင့်တက်လာမည်ကို စိုးရိမ်​ကြောင်းဒေသခံများကပြောသည်။

(မြန်မာ- အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ကုန်သွယ်​ရေးဂိတ်။ ဓါတ်ပုံ-CJ)
(မြန်မာ- အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ကုန်သွယ်​ရေးဂိတ်။ ဓါတ်ပုံ-CJ)

မြန်မာ-အိန္ဒိယနယ်စပ်ဂိတ်ဖြစ်​သော တမူး-မိုးရေးနယ်စပ်ကုန်သွယ်စခန်းကို နိုဝင်ဘာ ၁၅ ရက်မှစတင်ပြီး သုံးလပိတ်သိမ်းကြောင်း အိန္ဒိယနိုင်ငံ၊မဏိပူရပြည်နယ်အစိုးရက ထုတ်ပြန်သည်။

စိုးရိမ်စရာကောင်းလှသည့် မြန်မာနိုင်ငံရေးအခြေအနေများကြောင့် မြန်မာနိုင်ငံသားများ အိန္ဒိယနိုင်ငံတွင်တိုးလာခြင်းကြောင့် ယခုလို နယ်စပ်ဂိတ်ကို ပိတ်သိမ်းရခြင်းဖြစ်သည်ဟု မဏိပူရပြည်နယ်အစိုးရက​ဆိုသည်။

နယ်စပ်ဂိတ်ပိတ်သိမ်းလိုက်ခြင်းကြောင့်ကုန်သွယ်ရေထိခိုက်ပြီး ကုန်ဈေးနှုန်းမြင့်တက်လာမည်ကို စိုးရိမ်​ကြောင်းဒေသခံများကပြောသည်။

“အိန္ဒိယဘက်က လူသုံးကုန်တွေကို တမူးဘက်က အဓိကပို့နေတာပါ။ သူတို့ပိတ်ရင် သူတို့ဘက်မှ ကုန်ဈေးနှုန်းတက်လာပါလိမ့်မယ်”ဟု တမူးမြို့တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ အိန္ဒိယဘက်မှ တင်သွင်း​သောသွင်းကုန်များလည်းဈေးတက်လာနိုင်သည်ဟု၎င်းကဆက်​ပြောသည်။အိန္ဒိယသို့ နယ်စပ်မှ တင်ပို့​သော ကုန်စည်များ​​ဈေးကျလာနိုင်​ကြောင်းလည်း၎င်းကဆက်​ပြောသည်။

တမူး နယ်စပ်ကုန်သွယ်ရေးစခန်းသည် မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေးတွင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့်နှစ်စဉ်ကုန်သွယ်နေ့သည့် ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၈၀ နီးပါးထိ ရှိလာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆန္ဒပြ ကျောင်းသားတွေကို မောင်းပြန်ရိုင်ဖယ်နဲ့ ချိန်ရွယ်ခဲ့တဲ့ ရဲတစ်ဦးဟာ ရာထူးတာဝန်တွေကနေ ဆိုင်းငံ့ ခံခဲ့ရပါတယ်။

သတင်း

အိန္ဒိယရေပိုင်နက်ထဲကိုတရားမဝင်ဝင်ရောက်တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ မြန်မာရေလုပ်သား ၂၆ ဦးကို အိန္ဒိယက မြန်မာနိုင်ငံပြန်ပို့လိုက်တာမှာ စစ်တပ်က အိမ်သို့ပြန်မပို့ပဲ စစ်သင်တန်းကျောင်းကို တန်းပို့လိုက်တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်​တွေက​ပြောပါတယ်။

ဆောင်းပါး

တကယ်တော့ ဒီစာက အိမ်နီးချင်းကောင်းပီပီ ထိုင်းနိုင်ငံကို ကြိုတင်သတိပေးနိုင်ဖို့ အထူးပြုရေးတဲ့စာပါ။လက်မ တင်လေးဖြစ်ဖြစ်၊ လက်တစ်လုံးအလိုဖြစ်ဖြစ် ကြိုပြီးအသိပေးနိုင်၊ သတိပေးနိုင်ရင် ဆုံးရှုံးနစ်နာမှုဘေးကနေ ရှောင်လွှဲနိုင်မယ် မဟုတ်လား။