Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးနယ်တွင် စစ်ကောင်စီစစ်ကြောင်းနှစ်ခုကို မိုင်းဆွဲတိုက်ခိုက်၊ ထိခိုက်မှုရှိဟု KSOအဖွဲ့ပြော

ယနေ့(နိုဝင်ဘာလ ၁၅ ရက်)နံနက် ၆ နာရီ ၁၅မိနစ်ခန့်က ရေဦးမြို့မှ အင်အား၁၀၀ခန့်ပါ စစ်ကောင်စီတပ်သည် စစ်ကြောင်း နှစ်ခုခွဲကာ ခင်ဦးနယ်အနောက်ခြမ်းကျေးရွာများအား စစ်ကြောင်းထိုးခဲ့သည်။

KSO အဖွဲ့ဝင်ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-KSO
KSO အဖွဲ့ဝင်ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-KSO

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီ၏ ထောက်ပို့စစ်ကြောင်းနှင့် ရွာစဥ်လှည့်စစ်ကြောင်းများအား မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦးခန့်သေဆုံးကြောင်းKhinU Special Force Organization- KSOအဖွဲ့ တာဝန်ခံက ပြောသည်။

ယနေ့(နိုဝင်ဘာလ ၁၅ ရက်)နံနက် ၆ နာရီ ၁၅မိနစ်ခန့်က ရေဦးမြို့မှ အင်အား၁၀၀ခန့်ပါ စစ်ကောင်စီတပ်သည် စစ်ကြောင်း နှစ်ခုခွဲကာ ခင်ဦးနယ်အနောက်ခြမ်းကျေးရွာများအား စစ်ကြောင်းထိုးခဲ့သည်။

ထို့နောက် မူးတိမ်ချောင်းတံတားဂိတ်နှင့် ပျဥ်ထောင်ပျူစောထီးရွာများသို့ လက်နက်ရိက္ခာများ ထောက်ပို့ပေးခဲ့ကြောင်း၊ နံနက် ၇နာရီခန့်တွင် အင်အား ၅၀ခန့်ပါသော စစ်ကြောင်းသည် ရေဦး-ခင်ဦး ကားလမ်းပိုင်းပေါ်ရှိ မူးတိမ်ချောင်းတံတားသို့ ကား နှစ်စီးဖြင့် ထောက်ပို့လာရန်ပြင်ဆင်ခဲ့ကြောင်း KSOအဖွဲ့ တာဝန်ခံက ပြောသည်။

အဆိုပါ ကား နှစ်စီးကို ခြေလျင်ဖြင့် လမ်းပိုင်းလုံခြုံရေးယူရန်လာသော စစ်ကောင်စီတပ်နှင့်ပျူများအား KSOတပ်ဖွဲ့၊မြို့နယ်တပ်ရင်း(ခရိုင်တပ်ရင်း-၃)၊ မြို့နယ်(ပကဖ)အဖွဲ့နှင့် ဒေသတွင်းမဟာမိတ်များပူးပေါင်းကာ မြင်းဒေါင်းကျေးရွာ အဝင်၌ ပွိုင့်၆ခု (မိုင်း၁၂လုံး)ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးသေဆုံးကြောင်း KSOအဖွဲ့ တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့​နောက် အင်အား ၅၀ခန့်ပါသော စစ်ကြောင်းတစ်ခုသည် ချမ်းသာကုန်း၊မရမ်းအင်း၊ကုန်းသာ၊အင်းပတ်ကျေးရွာတို့အား ဝင်ရောက်မွှေနှောက်နေချိန် ကျေးရွာတစ်ခု၏ လမ်းခုလတ်တစ်နေရာတွင် KSOတပ်ဖွဲ့က တိုက်မိုင်း(၃)လုံးဖြင့် တိုက်ခိုက်ခဲ့ရာ နေရာမှာပင် စစ်ကောင်စီတပ်သား လေးဦးခန့်သေဆုံးကြောင်း KSOအဖွဲ့ တာဝန်ခံက ပြောသည်။

သို့သော် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများအား လူထုနွေဦးက ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ စစ်ကြောင်း ပြန်အဆုတ်တွင်လည်း အခြားသော မဟာမိတ်တပ်ဖွဲ့များက မိုင်းထပ်ဆွဲကာ တိုက်ခိုက်ခဲ့ပြီး သေဆုံးအရေအတွက်များလာနိုင်သည်ဟု KSOအဖွဲ့ တာဝန်ခံက ဆိုသည်။

“စစ်ကြောင်းနှစ်ကြောင်းကိုမှ တစ်ကြောင်းက ကျေးရွာတွေကိုလှည့်စစ်ကြောင်းထိုးတာ။ တစ်ကြောင်းက ရိက္ခာသွားပို့တာ။ ဒီနေ့ တခြားအဖွဲ့တွေကလည်း ဒီစစ်ကြောင်းတွေကိုပဲ ဆွဲကြတယ်။ အဖွဲ့အစည်းများတယ်။ သူတို့က ပွိုင့်တော်တော်များများဆွဲတယ်။”ဟု KSOအဖွဲ့ တာဝန်ခံက ပြောသည်။

စစ်ကြောင်းနှစ်ခုအား ရေဦးမြို့ဘက်က လက်နက်ကြီးပစ်ကူပေးခဲ့ရာ ဒေသခံတစ်ဦး ထိမှန်ပြီး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယာတော်ရွာနေ အသက်၃၀အရွယ် ဒေသခံ အမျိုးသားတစ်ဦးအား ဖမ်းဆီးသွားပြီး မူးမြစ်အရှေ့ဘက် ကားဆိပ်တောကိုင်းလျှော်ဖြူခြံထဲတွင်ရှိနေသေးကြောင်း ဒေသခံများက ပြောသည်။

ခင်ဦးမြို့နယ်တွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်နေ၍ ခင်ဦးအနောက်ခြမ်းရှိ အင်းပတ်ရွာ၊ချမ်းသာကုန်း(ခ)အောင်ချမ်းသာရွာ၊မရမ်းအင်းရွာ၊ကုန်းသာရွာ စသည့် ကျေးရွာများမှ ဒေသခံပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook