Connect with us

Hi, what are you looking for?

သတင်း

ဆောမြို့နယ်ရဲစခန်းမှ အရာရှိအပါအဝင်ရဲ​လေးဦး လက်နက်နှင့်တစ်ကွ အလင်းဝင်

အလင်းဝင်ရောက်လာသည့်ရဲတပ်သားများက စစ်ကောင်စီအနေဖြင့် နယ်မြေထိန်းချုပ်နိုင်စွမ်းမရှိ ခြင်းအပါအဝင် ၎င်းတို့အတွက် လုံခြုံမှုမရှိတော့ကြောင်း ထွက်ဆိုထားသည်။

(ဆောမြို့မရဲစခန်းမှ အလင်းဝင်လာသည့် ရဲတပ်သားများကို ဂုဏ်ပြုသည့်အခမ်းအနား ပြုလုပ်ခဲ့စဥ်။ ။ဓာတ်ပုံ NUG)
(ဆောမြို့မရဲစခန်းမှ အလင်းဝင်လာသည့် ရဲတပ်သားများကို ဂုဏ်ပြုသည့်အခမ်းအနား ပြုလုပ်ခဲ့စဥ်။ ။ဓာတ်ပုံ NUG)

ဆောမြို့မရဲစခန်းမှဒုတပ်ကြပ်တစ်ဦးနှင့်ရဲတပ်သား(၃) ဦးလက်နက်နှင့်တကွအလင်းဝင်ရောက်လာကြောင်းအမှတ်(၁)စစ်ဒေသ၊ ဂန့်ဂေါခရိုင်၊ အမှတ်(၃) တပ်ရင်းမှူးက People’s Spring သို့ပြောသည်။

အဆိုပါအလင်းဝင်လာသည့် ရဲတပ်သားများကို ယခုလ ၁၄ ရက်တွင် ဂုဏ်ပြုအခမ်းအနားနှင့်ဆုငွေများပေးအပ်ခဲ့သည်။

“လွန်ခဲ့တဲ့တစ်ပတ်က ကျွန်တော်တို့ဆီအလင်းဝင်လာတာ။စုစုပေါင်း ရဲငါးယောက်။ကျွန်တော် တို့တပ်ရင်းဆီကို လေးဦးရောက်လာတယ်။သူတို့ထဲက တစ်ဦးက G 3 တစ်လက်ပါလာတယ်။တခြားတစ်ဦးက ကျွန်တော်တို့နယ်မြေက တပ်ရင်းတစ်ခုကို ရောက်သွားတယ်”ဟုအထက်ပါတပ်ရင်းမှူးက ဆက်​ပြောသည်။

အလင်းဝင်ရောက်လာသည့်ရဲတပ်သားများက စစ်ကောင်စီအနေဖြင့် နယ်မြေထိန်းချုပ်နိုင်စွမ်းမရှိ ခြင်းအပါအဝင် ၎င်းတို့အတွက် လုံခြုံမှုမရှိတော့ကြောင်း ထွက်ဆိုထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယခုလ ၂ ရက်ကလည်း ဆောမြို့နယ်ရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် G3 သေနတ် ၁ လက် ၊ ကျည်ဘောက် ၂ ခု နှင့် ကျည် ၅၃ တောင့်ဖြင့် အလင်းဝင်လာကြောင်း ကျောက်ထု PDF က အသိပေးသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်းမရှိသူများကို လက်ကမ်းကြိုဆိုနေမည်ဖြစ်ကြောင်း ယနေ့ (နိုဝင်ဘာ ၁၇ ရက်) တွင် သီးခြားထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု တုံးဗျောရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက် ၄လက် သိမ်းရခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook