Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမြို့နယ် ဆင်မတောင်ရွာရှိ တပ်စခန်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေ KNDF ပြော

KNDF တပ်ရင်း (၁ ၊ ၇)နှင့် (၉)တို့ပူးပေါင်းပြီး စနိုက်ပါဖြင့် စစ်ကောင်စီတပ်သားနှစ်ဦးကို ယခုလ ၁၇ရက် က ရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။

(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၇ မှရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)
(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၇ မှရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)

ဒီးမော့ဆိုမြို့နယ် ဆင်မတောင်ကျေးရွာရှိ တပ်စခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၇က ထုတ်ပြန် သည်။

KNDF တပ်ရင်း (၁ ၊ ၇)နှင့် (၉)တို့ပူးပေါင်းပြီး စနိုက်ပါဖြင့် စစ်ကောင်စီတပ်သားနှစ်ဦးကို ယခုလ ၁၇ရက် က ရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။

ထို့နောက် အပြန်အလှန်ပစ်ခတ်မှု မိနစ်အနည်းငယ်ဖြစ်ပွားခဲ့ပြီးနောက် ပူးပေါင်းတပ်ဖွဲ့မှ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြသည်။

“နန်းမယ်ခုံဒေသကို စကစ က အင်အားအလုံး အရင်းနဲ့ ထိုးစစ်ဆင်ပြီးနောက်ပိုင်း အခုနှစ် ဇွန်လ လောက်ကစပြီး ဆင်မတောင်ရွာမှာ အင်အား ၅၀ လောက်နဲ့ တပ်စွဲခဲ့တာ။အဓိကတော့ ဒီးမော့ဆို -လွိုင်ကော် လမ်းမကြီးတစ်လျှောက်ကို ထိန်းချုပ်ဖို့ပါပဲ။အဲဒီလမ်းပိုင်းနဲ့ပတ်သက်လို့လည်း နေ့စဥ် ထိတွေ့တိုက်ပွဲရှိနေတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၁၆ ရက်ကလည်း ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာတွင် စစ်ကောင်စီကားတစ်စီးကို မိုင်းခွဲဖျက်ဆီးခဲ့ပြီး စစ်ကောင်စီတပ်သားသုံးဦး သေဆုံးကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU)က အသိပေးထားသည်။

ကရင်နီပြည်နယ်အတွင်း နိုဝင်ဘာအစမှ ယနေ့(နိုဝင်ဘာ ၁၄ ရက်) အထိ ထိတွေ့တိုက်ပွဲငယ်များနှင့် အလစ်ငိုက်တိုက်ခိုက်မှုများသာ အများစုဖြစ်ပွားခဲ့ပြီး လွိုင်ကော် ၊ ဒီးမော့ဆို ၊ ဖရူဆို ၊ဘောလခဲ ၊ ရှားတော မြို့နယ်များအတွင်း တိုက်ပွဲ စုစုပေါင်း (၁၃)ကြိမ်နီးပါးဖြစ်ပွားခဲ့ကာ စစ်ကောင်စီဖက်မှ (၉)ဦးထက်မနည်း သေဆုံးခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီ၏ မြို့နယ်အလိုက် အခြေစိုက်တပ်များမှာ နိုဝင်ဘာလအစမှ စ၍ လက်နက်ကိုင်တပ်ဖွဲ့ချင်း ရင်ဆိုင်တိုက်ပွဲများကို သတ္တိရှိရှိ မပြုလုပ်ရဲခဲ့ဘဲ စစ်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသော ပြည် သူလူထုများကိုသာ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ ကျေးရွာများအတွင်းသို့ နေ့စဥ်လက်နက်ကြီးများပစ်ခက်၍ သိက္ခာမဲ့စွာ စစ်ရာဇဝတ်မှု့များကို ကျူးလွန်လျှက်ရှိနေကြောင်းလည်း KNDF ကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်း-ကရင်နီဒေသအစပ် မိုးဗြဲမြို့အနီးတိုက်ပွဲမှာ ရဲဘော် ၁ဦးကျဆုံးခဲ့တယ်လို့ ဒီးမော့ဆိုအမှတ် (၁၁၀၂ )တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။