Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမြို့နယ် ဆင်မတောင်ရွာရှိ တပ်စခန်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေ KNDF ပြော

KNDF တပ်ရင်း (၁ ၊ ၇)နှင့် (၉)တို့ပူးပေါင်းပြီး စနိုက်ပါဖြင့် စစ်ကောင်စီတပ်သားနှစ်ဦးကို ယခုလ ၁၇ရက် က ရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။

(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၇ မှရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)
(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၇ မှရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)

ဒီးမော့ဆိုမြို့နယ် ဆင်မတောင်ကျေးရွာရှိ တပ်စခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၇က ထုတ်ပြန် သည်။

KNDF တပ်ရင်း (၁ ၊ ၇)နှင့် (၉)တို့ပူးပေါင်းပြီး စနိုက်ပါဖြင့် စစ်ကောင်စီတပ်သားနှစ်ဦးကို ယခုလ ၁၇ရက် က ရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။

ထို့နောက် အပြန်အလှန်ပစ်ခတ်မှု မိနစ်အနည်းငယ်ဖြစ်ပွားခဲ့ပြီးနောက် ပူးပေါင်းတပ်ဖွဲ့မှ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြသည်။

“နန်းမယ်ခုံဒေသကို စကစ က အင်အားအလုံး အရင်းနဲ့ ထိုးစစ်ဆင်ပြီးနောက်ပိုင်း အခုနှစ် ဇွန်လ လောက်ကစပြီး ဆင်မတောင်ရွာမှာ အင်အား ၅၀ လောက်နဲ့ တပ်စွဲခဲ့တာ။အဓိကတော့ ဒီးမော့ဆို -လွိုင်ကော် လမ်းမကြီးတစ်လျှောက်ကို ထိန်းချုပ်ဖို့ပါပဲ။အဲဒီလမ်းပိုင်းနဲ့ပတ်သက်လို့လည်း နေ့စဥ် ထိတွေ့တိုက်ပွဲရှိနေတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၁၆ ရက်ကလည်း ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာတွင် စစ်ကောင်စီကားတစ်စီးကို မိုင်းခွဲဖျက်ဆီးခဲ့ပြီး စစ်ကောင်စီတပ်သားသုံးဦး သေဆုံးကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU)က အသိပေးထားသည်။

ကရင်နီပြည်နယ်အတွင်း နိုဝင်ဘာအစမှ ယနေ့(နိုဝင်ဘာ ၁၄ ရက်) အထိ ထိတွေ့တိုက်ပွဲငယ်များနှင့် အလစ်ငိုက်တိုက်ခိုက်မှုများသာ အများစုဖြစ်ပွားခဲ့ပြီး လွိုင်ကော် ၊ ဒီးမော့ဆို ၊ ဖရူဆို ၊ဘောလခဲ ၊ ရှားတော မြို့နယ်များအတွင်း တိုက်ပွဲ စုစုပေါင်း (၁၃)ကြိမ်နီးပါးဖြစ်ပွားခဲ့ကာ စစ်ကောင်စီဖက်မှ (၉)ဦးထက်မနည်း သေဆုံးခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီ၏ မြို့နယ်အလိုက် အခြေစိုက်တပ်များမှာ နိုဝင်ဘာလအစမှ စ၍ လက်နက်ကိုင်တပ်ဖွဲ့ချင်း ရင်ဆိုင်တိုက်ပွဲများကို သတ္တိရှိရှိ မပြုလုပ်ရဲခဲ့ဘဲ စစ်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသော ပြည် သူလူထုများကိုသာ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ ကျေးရွာများအတွင်းသို့ နေ့စဥ်လက်နက်ကြီးများပစ်ခက်၍ သိက္ခာမဲ့စွာ စစ်ရာဇဝတ်မှု့များကို ကျူးလွန်လျှက်ရှိနေကြောင်းလည်း KNDF ကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။