Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်တွင် စစ်အုပ်စု စစ်ကြောင်းထိုးလာ၍ ညအချိန်မတော် ပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့ရ

အဆိုပါ စစ်အုပ်စုသည် ယနေ့နံနက် ၂ နာရီခန့်တွင် စည်ဆွဲတောင်ပေါ်တက်ကာ ကင်းပုန်ချထားကြောင်း Yinmarbin Local People’s Defence Force အဖွဲ့က အသိပေးသည်။

ထွက်ပြေးတိမ်းရှောင်လာရသော ပြည်သူများ၊ ဓာတ်ပုံ-YMB LPDF
ထွက်ပြေးတိမ်းရှောင်လာရသော ပြည်သူများ၊ ဓာတ်ပုံ-YMB LPDF

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာမှ စစ်အုပ်စုနှင့်ပျူစောထီးများ စစ်ကြောင်းထိုးလာ၍ ကျေးရွာများမှ ဒေသခံပြည်သူများ ညအချိန်မတော် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာ၁၉ ရက်) ည၇ နာရီခွဲခန့်က စစ်ကောင်စီတပ်သည် ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမမှ တောင်ဘက်သို့ ဦးတည်၍ ထွက်လာပြီး စည်ဆွဲတောင်ခြေရင်း ကပ်လာခဲ့ကြောင်း၊ အဆိုပါ စစ်အုပ်စုကြောင့် စည်လှောင်၊ အောင်ချမ်းအေး၊ အောင်ချမ်းသာစသည့်ကျေးရွာများ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

“အင်အားတော့ အတိအကျမသိရဘူး။ နည်းနည်းများတယ်ကြားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်အုပ်စုသည် ယနေ့နံနက် ၂ နာရီခန့်တွင် စည်ဆွဲတောင်ပေါ်တက်ကာ ကင်းပုန်ချထားကြောင်း Yinmarbin Local People’s Defence Force အဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဘန့်ဘွေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူများသည်ရွာဘုန်းကြီးကျောင်း၌ တပ်စွဲထားသည်မှာ ၉ လခန့်ရှိပြီး အနီးဝန်းကျင်ကျေးရွာများအား မကြာခဏဝင်ရောက်ဖျက်ဆီးမီးရှို့ခြင်း၊ ပစ္စည်းယူဖမ်းဆီးသတ်ဖြတ်ခြင်းများ ဝင်ရောက်ပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။