Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာအနီး စစ်ကောင်စီလေကြောင်းမှ ပစ်ခတ်၊ ပြည်သူအချို့ပိတ်မိနေ

စစ်ကောင်စီတပ်သည် လေကြောင်းပစ်ခတ်နေရင်း Mi17 ဖြင့် လေး​ခေါက် တပ်သားများ လာချနေကြောင်း ဒေသခံများက ပြောသည်။

ရင်ပေါင်တိုင်ကျေးရွာအနီးသို့ ရဟတ်ယာဥ်များပျံဝဲနေစဥ်၊ ဓာတ်ပုံ-Pale Entertainment
ရင်ပေါင်တိုင်ကျေးရွာအနီးသို့ ရဟတ်ယာဥ်များပျံဝဲနေစဥ်၊ ဓာတ်ပုံ-Pale Entertainment

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်က Mi 35 နှစ်စီးဖြင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (အောက်တိုဘာလ ၁၉ ရက်) နံနက် ၁၀ နာရီ ၁၀မိနစ်ခန့်တွင် မုံရွာမြို့အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ရဟတ်ယာဥ် လေးစီးဖြင့် ရင်ပေါင်တိုင်ရွာနှင့် ဆင်စွဲကျေးရွာအနီးသို့ သုံးစီးဝဲပျံပြီး တစ်စီးက ရမ်းသမ်းပစ်ခက်နေကြောင်း ပုလဲနယ်အခြေစိုက် Royal Eagle PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပုထိုးသာအရှေ့ဘက် ပုပ္ပါးရွာအနီးတွင် ရဟတ်ယာဥ်ဖြင့်စစ်ကောင်စီတ​ပ်များချနေသည်ဟု ကနဦးသတင်းရရှိထားကြောင်း၊ လည်ငေါက်၊ပုထိုးသာ ကားလမ်းအား အသုံးပြုမည့် မော်တော်ယာဥ်နှင့် ခရီးသွားများ ဖြတ်သန်းသွားလာခြင်းမပြုရန် Royal Eagle PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“အခုတော့ ပုထိုးသာရွာနဲ့ရင်ပေါင်တိုင်ရွာထဲကို ရဟတ်ယာဥ်နဲ့လူချပြီး ရမ်းသမ်းပစ်ခက်နေတယ်။ ပိတ်မိတဲ့ပြည်သူအချို့လည်းရှိတယ်ဗျ။”ဟု Royal Eagle PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် လေကြောင်းပစ်ခတ်နေရင်း Mi17 ဖြင့် လေး​ခေါက် တပ်သားများ လာချနေကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် သြဂုတ် ၁၁ ရက်ကလည်း ရင်ပေါင်တိုင်ရွာအား လေကြောင်းပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ဒေသကာကွယ်ရေးရဲဘော်အချို့ ထိခိုက်ကျဆုံးမှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာတိုက်ပွဲတွေ ဆက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က သတင်းဖော်ပြထားပြီး စစ်တပ်က နေ့စဉ် လေယာဉ်နဲ့ စားနပ်ရိက္ခာတွေ ချပေးနေရတယ်လို့ ဖော်ပြထားပါတယ်။