Connect with us

Hi, what are you looking for?

သတင်း

NUGကို သံတမန်ရေးအရ တရားဝင်အသိအမှတ်ပြုရန် နော်ဝေပါလီမန်အမတ်များနှင့် NUCC၊ NUG၊ CRPH တို့ ဆွေးနွေး

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခေါင်းဆောင်များက နော်ဝေနိုင်ငံရေးပါတီများမှ ပါလီမန်အမတ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

NUGကို သံတမန်ရေးအရ တရားဝင်အသိအမှတ်ပြုရန် နော်ဝေပါလီမန်အမတ်များနှင့် NUCC၊ NUG၊ CRPH တို့ ဆွေးနွေး
NUGကို သံတမန်ရေးအရ တရားဝင်အသိအမှတ်ပြုရန် နော်ဝေပါလီမန်အမတ်များနှင့် NUCC၊ NUG၊ CRPH တို့ ဆွေးနွေး

▪️ထိရောက်သော အကူအညီများပေးရန် ဆက်လက် လုပ်ဆောင်သွားမည်ဟု နော်ဝေ ကတိပြု

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို သံတမန်ရေးရာ အဆင့်မြှင့်တင် အသိအမှတ်ပြုရေးအတွက် နော်ဝေပါလီမန်အမတ်များနှင့် CRPH၊ NUCC၊ NUG တာ၀န်ရှိသူများအကြား ယနေ့ ဆွေးနွေးခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်သည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခေါင်းဆောင်များက နော်ဝေနိုင်ငံရေးပါတီများမှ ပါလီမန်အမတ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

NUGကို သံတမန်ရေးအရ တရားဝင်အသိအမှတ်ပြုရန် နော်ဝေပါလီမန်အမတ်များနှင့် NUCC၊ NUG၊ CRPH တို့ ဆွေးနွေး
NUGကို သံတမန်ရေးအရ တရားဝင်အသိအမှတ်ပြုရန် နော်ဝေပါလီမန်အမတ်များနှင့် NUCC၊ NUG၊ CRPH တို့ ဆွေးနွေး

ယင်းသို့တွေ့ဆုံစဥ် နော်ဝေအနေဖြင့် NUG ကို သံတမန်ရေးရာအဆင့်မြှင့်တင် ဆက်ဆံမှုပြုရေးအပါအဝင် CRPH၊ NUCC၊ NUGတို့၏ ဆောင်ရွက်နေမှုများ၊ NUG နှင့် နော်ဝေအစိုးရတို့ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ နော်ဝေပါလီမန် က အထောက်အကူပြုနိုင်မည့် နည်းလမ်းများ၊ ICC၊ ICJ နှင့် နိုင်ငံအချို့တွင် စစ်ကောင်စီအား တရားစွဲဆိုနိုင်ရန် ဆောင်ရွက်နေမှုများ၊ NUG ၏ သံတမန်ရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည့် စိန်ခေါ်မှုများကို ထည့်သွင်းဆွေးနွေးခဲ့သည်ဟု ဖော်ပြသည်။

နော်ဝေသည် မြန်မာပြည်သူများ၏ ဒီမိုကရေစီကြိုးပမ်းမှုကို အမြဲမပြတ် အားပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ရှင်သန်ရေးနှင့် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးအတွက် အားပေးထောက်ခံကူညီမှုများလုပ်ဆောင်ရန် အမြဲမပြတ် ပြင်ဆင်လျက် ရှိကြောင်းတို့ကို ပါလီမန်အမတ်များက ပြောသည်။

Public Service Announcement

Public Service Announcement

NUGကို သံတမန်ရေးအရ တရားဝင်အသိအမှတ်ပြုရန် နော်ဝေပါလီမန်အမတ်များနှင့် NUCC၊ NUG၊ CRPH တို့ ဆွေးနွေး
NUGကို သံတမန်ရေးအရ တရားဝင်အသိအမှတ်ပြုရန် နော်ဝေပါလီမန်အမတ်များနှင့် NUCC၊ NUG၊ CRPH တို့ ဆွေးနွေး

ထို့အပြင် မြန်မာနိုင်ငံအတွက် လူသားချင်း စာနာမှုအကူအညီများ၊ နိုင်ငံရေးအင်အားစုများ၏ လှုပ်ရှားမှုများနှင့်ပတ်သက်၍ အားပေးထောက်ခံမှုအစီအစဉ်များကို နော်ဝေလွှတ်တော်မှ တင်ပြပြီး ထိရောက်သော အကူအညီများပေးနိုင်ရေး စီမံချက်တစ်ခု တိတိကျကျ ပေါ်ထွန်းလာရေး ဆက်လက်လုပ်ဆောင်သွားမည့်အကြောင်းကို ကတိပြုခဲ့ကြောင်း NUG လူ့အခွင့် အရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။