Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုကြောင့် ကလေးသူငယ်ပေါင်း ၂၀၀ကျော် သေကြေခဲ့ရပြီး ကလေးထောင်ပေါင်းများစွာ ထိခိုက် နစ်နာနေဟု NUG ထုတ်ပြန်

စစ်အုပ်စုသည် ကလေးငယ်ပေါင်း (၃၇၂)ဦးကို မတရားဖမ်းဆီးထားပြီး ယနေ့အချိန်အထိ ကလေး (၃၀၃) ဦးခန့် မှာ ဆိုးရွားသော အချုပ်စခန်းများ၊ အကျဉ်းထောင်များတွင် ခက်ခဲကြမ်းတမ်းစွာ နေထိုင်ဖြတ်သန်းနေရကြောင်း NUG က ဆိုသည်။

(ကရင်နီပြည် ဒီးမော့ဆိုနယ်တွင် နိုဝင်ဘာ ၁၅ရက်က မူကြိုကျောင်းအား စစ်ကောင်စီတပ် ပစ်ခတ်၍ သေဆုံးခဲ့သည့် ကလေးငယ်တစ်ဦး​၏ ရုပ်အလောင်းအား တွေ့ရစဉ်)

စစ်ကောင်စီ၏ လူမဆန်သော သတ်ဖြတ်မှုများ၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကလေးသူငယ်ပေါင်း (၂၄၂)ဦးသေကြေပျက်စီးခဲ့ရပြီး ကလေးထောင်ပေါင်းများစွာ ထိခိုက်နစ်နာမှုများရှိနေကြောင်း NUG က ထုတ်ပြန်သည်။

ယမန်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာကလေးများနေ့နှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေး သူငယ်ရေးရာဝန်ကြီးဌာန နှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတို့က ပူးတွဲထုတ်ပြန်ခြင်းဖြစ်သည်။

စစ်အုပ်စုသည် ကလေးငယ်ပေါင်း (၃၇၂)ဦးကို မတရားဖမ်းဆီးထားပြီး ယနေ့အချိန်အထိ ကလေး (၃၀၃) ဦးခန့် မှာ ဆိုးရွားသော အချုပ်စခန်းများ၊ အကျဉ်းထောင်များတွင် ခက်ခဲကြမ်းတမ်းစွာ နေထိုင်ဖြတ်သန်းနေရကြောင်း NUG က ဆိုသည်။

အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များနေ့တွင် ကလေးတိုင်းအတွက် မိသားစုနှင့် လုံခြုံစွာ နေထိုင်ခွင့်၊ ပျော်ရွှင်စွာ စာသင်ကြားခွင့်နှင့်အတူ ကလေးသူငယ်အခွင့်အရေးများ ပြန်လည်ရရှိစေရန်အတွက် ကုလသမဂ္ဂအပါအဝင် ကလေးသူငယ် အရေး လုပ်ကိုင်ဆောင်ရွက်နေသူများအားလုံး တက်ညီလက်ညီဖြင့် ဝိုင်းဝန်းလုပ်ဆောင်နိုင်ရန် NUG က တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့အပြင် NUG သည် ကလေးသူငယ်များအတွက် လုံခြုံစိတ်ချခွင့်၊ ဖွံဖြိုးတိုးတက်ခွင့်၊ ပါဝင်ဆောင်ရွက် ခွင့်နှင့် လွတ်လပ်ငြိမ်းချမ်းစွာ စာသင်ကြားခွင့်များ များမကြာမီ ပြန်လည်ရရှိနိုင်ရန် ပြည်သူများအားလုံး နှင့်အတူ အထူးကြိုးပမ်းလုပ်ဆောင်သွားမည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်ပြီဆိုတဲ့ သတင်းဟာ သတင်းအမှားသာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူအချို့၊ မိတ်ဆွေအချို့ကပြောပါတယ်။