Connect with us

Hi, what are you looking for?

သတင်း

နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့ ရုရှားနဲ့စစ်ကောင်စီလက်မှတ်ထိုး

အမေရိကန် ဒုသမ္မတ အရှေ့တောင်အာရှကို ရောက်နေချိန်မှာ ပဲ မြန်မာနိုင်ငံမှာ နျူကလီးယား ဓာတ်အားပေး စက်ရုံ ဆောက်ဖို့ ရုရှားနဲ့ စစ်ကောင်စီတို့ လက်မှတ်ထိုးလိုက်ကြတာပါ။

နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့ ရုရှားနဲ့စစ်ကောင်စီလက်မှတ်ထိုး
နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့ ရုရှားနဲ့စစ်ကောင်စီလက်မှတ်ထိုး

မြန်မာနိုင်ငံမှာ နျူကလီးယားဓာတ်အားပေးစက်ရုံဆောက်ဖို့ ရုရှားအစိုးရပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း Rosatom နဲ့စစ်ကောင်စီတို့ကြား နိုဝင်ဘာလ ၂၂ ရက် က သဘောတူလက်မှတ်ထိုးလိုက်ကြပါတယ်။

ဒီလို လက်မှတ်ထိုးတာဟာ မြန်မာနိုင်ငံမှာ အသေးစား နျူကလီးယား ဓာတ်အားပေးစက်ရုံ ဆောက်ဖို့ ဖြစ်နိုင်ခြေတွေနဲ့ လေ့လာမှုတွေ လုပ်နိုင်ဖို့ ဖြစ်တယ်လို့ Rosatom ဘက်က ထုတ်ပြန်ထားပါတယ်။

အမေရိကန် ဒုသမ္မတ အရှေ့တောင်အာရှကို ရောက်နေချိန်မှာ ပဲ မြန်မာနိုင်ငံမှာ နျူကလီးယား ဓာတ်အားပေး စက်ရုံ ဆောက်ဖို့ ရုရှားနဲ့ စစ်ကောင်စီတို့ လက်မှတ်ထိုးလိုက်ကြတာပါ။

ရုရှာနဲ့ မြန်မာစစ်ကောင်စီတို့ကြားလက်မှတ်ထိုးတဲ့နေ့ဟာ ဖိလစ်ပိုင်ကိုရောက်ရှိနေတဲ့ အမေရိကန်ဒု သမ္မတက ဖိလစ်ပိုင်ရဲ့ စွမ်းအင်ကဏ္ဍအတွက် အရပ်ဘက်သုံး နျူကလီးယား နည်းပညာကူညီပေးသွားတယ်လို့ ကြေညာလိုက်တဲ့ ရက်နဲ့ တိုက်ဆိုင်နေပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်ကတော့ မြန်မာနိုင်ငံမှာ နျူကလီးယား စွမ်းအင်ကို အရပ်ဘက်သုံးမှာဖြစ်ပြီး စစ်ဘက်သုံးဖို့ မဟုတ်ဘူးလို့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ရုရှားကိုရောက်နေတဲ့ စစ်ကောင်စီ သိပ္ပံနဲ့နည်းပညာဝန်ကြီးဟာ နျူကလီးယား စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတွေကိုသွားရောက်လေ့လာထားပါတယ်။

ဒါအပြင် အဲဒီခရီးစဉ်အတွင်း ရန်ကုန်မြို့မှာ နျူကလီးယားနည်းပညာအချက်အလက်စင်တာ တည်ဆောက်ဖို့ ရုရှားနဲ့မြန်မာကြား သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။