Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အသေးစားနျူးကလီးယားဓာတ်အားပေးစက်ရုံတည်မည့် မြန်မာစစ်တပ်ကို မျက်ခြေမပြတ်စောင့်ကြည့်ရန် နိုင်ငံတကာကို မြန်မာသံအမတ်ကြီး တိုက်တွန်း

မြန်မာနိုင်ငံသည် နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေး၊ နျူကလီးယား လက်နက်ကင်းစင်သော ကမ္ဘာကြီးဖြစ်ပေါ်လာစေရေးအတွက် အပြည့်အဝဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆက်ပြောသည်။

အသေးစားနျူးကလီးယားဓာတ်အားပေးစက်ရုံတည်မည့် မြန်မာစစ်တပ်ကို မျက်ခြေမပြတ်စောင့်ကြည့်ရန် နိုင်ငံတကာကို မြန်မာသံအမတ်ကြီး တိုက်တွန်း
အသေးစားနျူးကလီးယားဓာတ်အားပေးစက်ရုံတည်မည့် မြန်မာစစ်တပ်ကို မျက်ခြေမပြတ်စောင့်ကြည့်ရန် နိုင်ငံတကာကို မြန်မာသံအမတ်ကြီး တိုက်တွန်း

အသေးစားနျူးကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ရန် စီစဥ်ထားသည့်မြန်မာစစ်တပ်ကို နိုင်ငံတကာက မျက်ခြေမပြတ်စောင့်ကြည့်ရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ယမန်နေ့က (၇၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ၏ ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုအစီအစဉ်တွင် “နျူကလီးယားလက်နက်များ” ခေါင်းစဉ်ဖြင့် မိန့်ခွန်းတစ်ရပ် ပါဝင်ပြောကြားစဥ် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

မကြာသေးမီက မြန်မာစစ်တပ်သည် နောင်နှစ်အနည်းငယ်အတွင်း အသေးစားနျူးကလီးယား ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် ရုရှားကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ဆိုထားပြီး ယင်း အခြေအနေကို နိုင်ငံတကာအသိုက်အဝန်းက စစ်တပ်ကို မျက်ခြေမပြတ်စောင့်ကြည့်ပေးရန် သံအမတ်ကြီးက တိုက်တွန်းသည်။

NLD အစိုးရလက်ထက်တွင် နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် အလုံးစုံဖျက်သိမ်းရေးကို အဓိကအရေးပါသည့် ဦးစားပေးလုပ်ငန်းစဉ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ သော်လည်း ၂၀၂၁ တရားမဝင်အာဏာသိမ်းမှုက ရွေးကောက်ခံပြည်သူ့ အစိုးရ၏ နျူးကလီးယားလက်နက်ဖျက်သိမ်းမှုဆိုင်ရာ ဆောင်ရွက်ချက်များအပေါ် များစွာထိခိုက်ခဲ့ကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂကို ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် သမိုင်းကြောင်းအရ မြန်မာစစ်တပ်သည် နျူကလီးယား လက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးကိစ္စများတွင် ကောင်းမွန်သည့် မိတ်ဖက်မဖြစ်ခဲ့ဖူးကြောင်းလည်း ပြောသည်။

မြန်မာနိုင်ငံသည် နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေး၊ နျူကလီးယား လက်နက်ကင်းစင်သော ကမ္ဘာကြီးဖြစ်ပေါ်လာစေရေးအတွက် အပြည့်အဝဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆက်ပြောသည်။

မြန်မာနိုင်ငံမှ နှစ်စဉ် ဦးဆောင်တင်သွင်းသည့် “Nuclear Disarmament” ခေါင်းစဉ်ပါ ဆုံးဖြတ်ချက်အဆိုမူကြမ်းတစ်ရပ်ကို ယခုနှစ်တွင်လည်း တင်သွင်းထားပြီးဖြစ်ရာ ယင်းအဆိုမူကြမ်းအပေါ် အဖွဲ့ဝင်နိုင်ငံများ၏ ထောက်ခံပံ့ပိုးမှုပေးရန်၊ ပူးတွဲအဆိုရှင်အဖြစ်ပါဝင်ရန် သံအမတ်ကြီးက မေတ္တာရပ်ခံခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

သတင်း

ယနေ့ ဖေဖော်ဝါရီ ၆ရက်တွင် ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေး၌ ယာယီသမ္မတက K3Cတိုင်းရင်းသားမဟာမိတ်များအကြား သဘောတူညီချက်များ ခိုင်မာစွာ ရရှိထားမှု အခြေအနေကို အသိပေးခဲ့ခြင်းဖြစ်သည်။