Connect with us

Hi, what are you looking for?

သတင်း

အသေးစားနျူးကလီးယားဓာတ်အားပေးစက်ရုံတည်မည့် မြန်မာစစ်တပ်ကို မျက်ခြေမပြတ်စောင့်ကြည့်ရန် နိုင်ငံတကာကို မြန်မာသံအမတ်ကြီး တိုက်တွန်း

မြန်မာနိုင်ငံသည် နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေး၊ နျူကလီးယား လက်နက်ကင်းစင်သော ကမ္ဘာကြီးဖြစ်ပေါ်လာစေရေးအတွက် အပြည့်အဝဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆက်ပြောသည်။

အသေးစားနျူးကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ရန် စီစဥ်ထားသည့်မြန်မာစစ်တပ်ကို နိုင်ငံတကာက မျက်ခြေမပြတ်စောင့်ကြည့်ရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ယမန်နေ့က (၇၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ၏ ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုအစီအစဉ်တွင် “နျူကလီးယားလက်နက်များ” ခေါင်းစဉ်ဖြင့် မိန့်ခွန်းတစ်ရပ် ပါဝင်ပြောကြားစဥ် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

မကြာသေးမီက မြန်မာစစ်တပ်သည် နောင်နှစ်အနည်းငယ်အတွင်း အသေးစားနျူးကလီးယား ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် ရုရှားကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ဆိုထားပြီး ယင်း အခြေအနေကို နိုင်ငံတကာအသိုက်အဝန်းက စစ်တပ်ကို မျက်ခြေမပြတ်စောင့်ကြည့်ပေးရန် သံအမတ်ကြီးက တိုက်တွန်းသည်။

NLD အစိုးရလက်ထက်တွင် နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် အလုံးစုံဖျက်သိမ်းရေးကို အဓိကအရေးပါသည့် ဦးစားပေးလုပ်ငန်းစဉ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ သော်လည်း ၂၀၂၁ တရားမဝင်အာဏာသိမ်းမှုက ရွေးကောက်ခံပြည်သူ့ အစိုးရ၏ နျူးကလီးယားလက်နက်ဖျက်သိမ်းမှုဆိုင်ရာ ဆောင်ရွက်ချက်များအပေါ် များစွာထိခိုက်ခဲ့ကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂကို ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် သမိုင်းကြောင်းအရ မြန်မာစစ်တပ်သည် နျူကလီးယား လက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးကိစ္စများတွင် ကောင်းမွန်သည့် မိတ်ဖက်မဖြစ်ခဲ့ဖူးကြောင်းလည်း ပြောသည်။

မြန်မာနိုင်ငံသည် နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေး၊ နျူကလီးယား လက်နက်ကင်းစင်သော ကမ္ဘာကြီးဖြစ်ပေါ်လာစေရေးအတွက် အပြည့်အဝဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆက်ပြောသည်။

မြန်မာနိုင်ငံမှ နှစ်စဉ် ဦးဆောင်တင်သွင်းသည့် “Nuclear Disarmament” ခေါင်းစဉ်ပါ ဆုံးဖြတ်ချက်အဆိုမူကြမ်းတစ်ရပ်ကို ယခုနှစ်တွင်လည်း တင်သွင်းထားပြီးဖြစ်ရာ ယင်းအဆိုမူကြမ်းအပေါ် အဖွဲ့ဝင်နိုင်ငံများ၏ ထောက်ခံပံ့ပိုးမှုပေးရန်၊ ပူးတွဲအဆိုရှင်အဖြစ်ပါဝင်ရန် သံအမတ်ကြီးက မေတ္တာရပ်ခံခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ဖို့ အလားအလာကို အရူးတွေပဲ ယုံလိမ့်မယ်လို့ နိုင်ငံ အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။

သတင်း

Telenor ဌာနချုပ်ကို​နော်​ဝေရဲတွေနဲ့ စုံထောက်တွေက ဝင်ရောက်စစ်ဆေးရှာဖွေ

ဆောင်းပါး

FATFသည်စစ်တပ်ကအမေရိကန်၏အဓိကပြိုင်ဘက်နိုင်ငံများထံမှလက်နက်ဝယ်ယူရန် ငွေကြေးလမ်းကြောင်းများကိုတားဆီးနိုင်သည်။