Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ် နန်းတောင်ရွာရှိ စစ်ကောင်စီတပ်စခန်းငယ်အား ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

ယမန်နေ့(နိုဝင်ဘာ ၂၄ရက်)က တိုက်ခိုက်မှုကို ပုလောမြို့နယ်ရှိ နန်းတောင်ရွာတံတားအနီးတွင်ပြုလုပ်ခဲ့ပြီး နေ့လယ် ၁နာရီမှ ၂နာရီအထိ ၁နာရီကြာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ပူရိယက္ခ ညီနောင်စစ်ကြောင်းမှ ရဲဘော်တစ်ဦး ပစ်ခတ်နေစဥ်၊ ဓာတ်ပုံ - ပူရိယက္ခ ညီနောင်စစ်ကြောင်း
ပူရိယက္ခ ညီနောင်စစ်ကြောင်းမှ ရဲဘော်တစ်ဦး ပစ်ခတ်နေစဥ်၊ ဓာတ်ပုံ - ပူရိယက္ခ ညီနောင်စစ်ကြောင်း

တနင်္သာရီတိုင်း ပုလောမြို့နယ်၊ နန်းတောင်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းငယ်တစ်ခုအား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိကြောင်း ပူရိယက္ခ ညီနောင်စစ်ကြောင်းက ယနေ့ ထုတ်ပြန်သည်။

ယမန်နေ့(နိုဝင်ဘာ ၂၄ရက်)က တိုက်ခိုက်မှုကို ပုလောမြို့နယ်ရှိ နန်းတောင်ရွာတံတားအနီးတွင်ပြုလုပ်ခဲ့ပြီး နေ့လယ် ၁နာရီမှ ၂နာရီအထိ ၁နာရီကြာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီးများအသုံးပြုတိုက်ခိုက်ခဲ့သော် လည်းမြေပြင်အနေအထားအသာရ၍ စစ်ကြောင်း နှင့် မဟာမိတ်ညီနောင်ရဲဘော်များ ထိခိုက်ဒဏ်ရာတစ်စုံတစ်ရာမရရှိခဲ့ကြောင်း အသိပေးသည်။

နန်းတောင်တိုက်ပွဲကို KNDO ဦးစီးသည့် ပူရိယက္ခညီနောင်စစ်ကြောင်းမှုး ဗိုလ်ဝေလမှ ဦးဆောင်ကာ မဟာမိတ်ညီနောင်တပ်ဖွဲ့များဖြစ်သော ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF)၊မိုးကြိုးအဖွဲ့ ၊Ghost Ranger အဖွဲ့နှင့် ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF-Palaw)တို့မှ ပူး ပေါင်း၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“စခ တွေဘက်က စစ်ရေးလှုပ်ရှားမှုရှိလာသလို ကျွန်တော်တို့ အနေနဲ့လည်း သူတို့ရဲ့ စခန်းတွေကို ဝင်တိုက်နေပြီ ဆိုတာ သတင်းလည်းပါးချင် တယ်။ပြီးတော့ အခုစစ်ရေးအရလည်း အချိန်မရွေး တိုက်ပွဲက ဖြစ်ဖို့များနေတယ်”ဟု PRDF တာဝန်ရှိသူက ပြောသည်။

နန်းတောင်ရွာရှိ စစ်ကောင်စီကင်းစခန်းဂိတ်တစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်များက နိုဝင်ဘာ ၁၂ ရက်တွင် မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့အပြင် ယခုလ ၈ ရက်က နန်းတောင်ရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ခြောက်ဦးနှင့် ဗိုလ်အဆင့်ရှိသူတစ်ဦး သေဆုံးကြောင်း ပူရိယက္ခညီနောင်စစ်ကြောင်းက ထုတ်ပြန်ထားသည်။

လက်ရှိ စစ်ရေးအခြေအနေကြောင့် မြိတ်-ပုလော မိန်းလမ်းမကြီးပေါ် ဖြတ်သန်းမောင်းနှင်းမည့် ယာဉ်များအနေဖြင့် နိုဝင်ဘာလ ၂၄ရက်မှ စတင်ပြီး ည၈နာရီမှ နံနက် ​၄နာရီအတွင်း လုံးဝ(လုံးဝ) ဖြတ်သန်းမောင်းနှင်ခွင့်ပြုမည်မဟုတ် ကြောင်းလည်း သတိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။