Connect with us

Hi, what are you looking for?

သတင်း

ဆောနယ်ရှိ မီးဘေးသင့်ပြည်သူများကို ဆန်တင်း ၂၀၀ကျော် ထောက်ပံ့ခဲ့ကြောင်း မြို့နယ်(ပအဖ) အသိပေး

ယခု နိုဝင်ဘာလလယ်က စစ်ကောင်စီတပ်သည် ဆောမြို့နယ် လက်ပန်းကျေးရွာနှင့် ပဆုပ်ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့ရာ နေအိမ် ၁၈၀ကျော် မီးလောင်ပျက်စီးခဲ့ရသည်။

ဓာတ်ပုံ - ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆောမြို့နယ်
ဓာတ်ပုံ - ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆောမြို့နယ်

ဆောမြို့နယ်အတွင်း စစ်ကောင်စီတပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့၍ အခက်အခဲကြုံနေရသည့် မီးဘေးသင့်ပြည်သူများကို ဆန်တင်း ၂၀၀ကျော် ထောက်ပံ့ပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။

အလှူရှင်များ၏အကူအညီဖြင့် မြို့နယ်(ပအဖ)မှ ဆန်အတင်း ၅၀၊ ဆောတိုက်နယ်အတွင်းရှိ ကျေးရွာများမှပံ့ပိုးမှု ဆန်အတင်း ၉၀၊ ကျောက်ထုဒေသကျေးရွာအချို့မှပံ့ပိုးမှု ဆန်အတင်း ၈၀ တို့အား မီးဘေးသင့်အိမ်ထောင်စုများထံ အညီအမျှခွဲဝေပေးခဲ့ရာ တစ်အိမ်ထောင်လျင် ဆန်တစ်တင်းကျော်စီ ခွဲဝေပေးထားပြီးဖြစ်သည်ဟု ဖော်ပြထားသည်။

ဆက်လက်ပံ့ပိုးနိုင်ရေးကိုလည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ဆော(ပအဖ)က အသိပေးထားပြီး ကူညီပေးကြသောပြည်သူများ၊ ဆောတိုက်နယ်အုပ်ချုပ်ရေးအဖွဲ့တို့အား ကျေးဇူးတင်ဂုဏ်ပြုကြောင်း ထုတ်ပြန်သည်။

ဓာတ်ပုံ - ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆောမြို့နယ်
ဓာတ်ပုံ – ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆောမြို့နယ်

ပြီးခဲ့သည့် ရက်ပိုင်းကလည်း မီးဘေးသင့်အိမ်ထောင်စု ၁၈၈စုအတွက် တစ်အိမ်ထောင်စုလျှင် ၂သောင်းကျပ်စီကို အများပြည်သူအလှူရှင်များ၏အကူအညီဖြင့် ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတစ်ဆင့် ပေးပို့ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ယခု နိုဝင်ဘာလလယ်က စစ်ကောင်စီတပ်သည် ဆောမြို့နယ် လက်ပန်းကျေးရွာနှင့် ပဆုပ်ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့ရာ နေအိမ် ၁၈၀ကျော် မီးလောင်ပျက်စီးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ဆောမြို့နယ်စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ထံက စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေသိမ်းရရှိတယ်လို့ ယောတပ်တော်(YA)က ဒီကနေ့ မေလ ၃၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ဝက်လက်ဒေသက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်ဘေးရှောင်ပြည်သူတွေကို ထောက်ပံ့တာတွေ ဒီကနေ့ (ဧပြီ ၃)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စက်သုံးဆီအခက်အခဲကြောင့် အိမ်အရောက်ပို့စနစ်နဲ့ ဆန်ရောင်းတာကို ဒီနေ့မတ်လ ၁၇ရက်ကစပြီး ရပ်နားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်နှင့်မန္တလေးအပါအဝင် မြို့ကြီးများ၌ အခြေခံစားသောက်ကုန်စည် စီးဆင်းမှုကို စစ်ကောင်စီက ပို၍ တင်းကြပ်လာကြောင်းကုန်သည်နှင့်လုပ်ငန်းရှင်အချို့က လူထုနွေဦးသို့ပြောသည်။