Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ ထူးချောင်းတပ်စခန်းကို စနိုက်ပါမစ်ရှင်ဖော်ဆောင်၍ ကရင်နီတပ်များ တိုက်ခိုက်

နိုဝင်ဘာ ၂၇ရက် နံနက် ၈နာရီခန့်ကစ၍ KRUနှင့် ဘောလခဲပြည်သူ့ကာကွယ် ရေးတပ်(BPDF) တပ်ရင်း(1105)တို့ ပူးပေါင်းကာ ထူးချောင်းစစ်ကောင်စီတပ်စခန်းကို စနိုက်ပါမစ်ရှင် ဖော်ဆောင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထူးချောင်းစစ်ကောင်စီတပ်စခန်းနေရာအား တွေ့ရစဥ်၊ဓာတ်ပုံ - Karenni Revolution Union (KRU)
ထူးချောင်းစစ်ကောင်စီတပ်စခန်းနေရာအား တွေ့ရစဥ်၊ဓာတ်ပုံ - Karenni Revolution Union (KRU)

ကရင်နီ(ကယား)ပြည်နယ်၊ ဘောလခဲမြို့နယ် ထူးချောင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးအပြင်းအထန်ဒဏ်ရာရရှိကြောင်း Karenni Revolution Union (KRU)မှ တာဝန်ရှိသူက ပြောသည်။

နိုဝင်ဘာ ၂၇ရက် နံနက် ၈နာရီခန့်ကစ၍ KRUနှင့် ဘောလခဲပြည်သူ့ကာကွယ် ရေးတပ်(BPDF) တပ်ရင်း(1105)တို့ ပူးပေါင်းကာ ထူးချောင်းစစ်ကောင်စီတပ်စခန်းကို စနိုက်ပါမစ်ရှင် ဖော်ဆောင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“သုံးနာရီကျော်လောက်ပြင်ဆင်ခဲ့ပြီးမှ တပ်စခန်းကို တိုက်ခဲ့တယ်။ တိုက်ပွဲက ၁၅မိနစ်လောက်ကြာတယ်။ အထိနာတဲ့အချိန် သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ပြန်ပစ်တဲ့အချိန် ဆုတ်ခွာခဲ့တာ”ဟု KRU တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ကရင်နီပူးပေါင်းတပ်များ အထိအခိုက်မရှိခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

လက်ရှိ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီက စစ်ရေးအရှိန်မြှင့်တင်ရန် ကြိုးပမ်းမှုများရှိနေ ကြောင်းလည်း ကရင်နီပြည်သူ့ကာကွယ်ရေးတပ်များက သတိပေးထားသည်။

ထို့ကြောင့် တိုက်ပွဲများပြင်းထန်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် သတိပေးထုတ်ပြန်ချက်များကို နားစွန့်ရန်နှင့် လိုက်နာပေးရန်လည်း ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ကတောင်မော်ဦးရေတပ်အနီးဖြစ်တဲ့တိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူများပြားနေပြီး ဒုဗိုလ်မှူးကြီးတစ်ဦးလည်း AA ရဲ့ စနိုက်ဘာ(လက်​ဖြောင့်​သေနတ်သမားပစ်ခတ်တဲ့ကျည်)ထိမှန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။