အမေရိကန်နိုင်ငံ၌ ပြုလုပ်သည့် ချင်းနှစ်သစ်ကူးပွဲတော်တွင် အဆိုတော် ဘင်ဂျမင်ဆုမ်းကို Person of th Year 2021 ဆုပေးလိုက်သည်။
အဆိုပါ ဆုချီးမြှင့်ပေးသည့် ချင်းအသင်း (ဖလမ်း)ကို ကျေးဇူးတင်ကြောင်း ဘင်ဂျမင်ဆုမ်းက ရေးသားထားသည်။
ယင်းပွဲတော်ကို Chin Community USA က ပြုလုပ်ခြင်းဖြစ်ပြီး စက်တင်ဘာ ၃ ရက်မှ ၅ ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဘင်ဂျမင်ဆုမ်း၏ ဦးလေးက ဆုလက်ခံပေးခဲ့သည်။
ဘင်ဂျမင်ဆုမ်းသည် လက်ရှိတွင် အိန္ဒိယနိုင်ငံ၌ နေထိုင်လျက်ရှိပြီး စက်တင်ဘာ ၄ ရက်က ပထမဆုံးတစ်ကိုယ်တော်ဖျော်ဖြေပွဲကို အွန်လိုင်းမှပြုလုပ်ခဲ့သည်။
ဖျော်ဖြေပွဲကို လက်မှတ်ရောင်းချခဲ့ပြီး ယင်းပွဲမှရရှိသည့်ငွေများကို လိုအပ်သည့်နေရာများတွင် လှူဒါန်းမည်ဟု ကြေညာခဲ့သည်။