Connect with us

Hi, what are you looking for?

သတင်း

ဂျေညီညီကွယ်လွန်

စွဲနေပြီ၊ အလွမ်းကဖေး၊ ပလက်ဖောင်းရှိုး စတဲ့ သီချင်းတွေရဲ့ အဆိုရှင် ဂျေညီညီက ဒီနေ့ (မတ် ၃၁) နံနက် မှာ ကွယ်လွန်သွားကြောင်း ညီမဖြစ်သူ ဂျေညီမလေးက အသိပေးထားပါတယ်။

မတ်-၃၁၊၂၀၂၅။ ဆဏ်း / People’s Spring

စွဲနေပြီ၊ အလွမ်းကဖေး၊ ပလက်ဖောင်းရှိုး စတဲ့ သီချင်းတွေရဲ့ အဆိုရှင် ဂျေညီညီက ဒီနေ့ (မတ် ၃၁) နံနက် မှာ ကွယ်လွန်သွားကြောင်း ညီမဖြစ်သူ ဂျေညီမလေးက အသိပေးထားပါတယ်။

“အဆိုတော် ဂျေညီညီ မနက် ၄:၃၀မိနစ်မှာ ဆုံးသွားပါပြီ” လို့ ဂျေညီမလေးက သူ့ဖေ့စ်ဘွတ်ကနေ အသိပေးထားပါတယ်။

ဂျေညီညီ ရဲ့ ဖေ့စ်ဘွတ်မှာ မနေ့(မတ် ၃၀) မနက်က “ဒီမနက်မူးလို့ကောင်းတုန်းတယောက်ထဲ ငလျင်မိနေသလို ဟိုကိုင်ဒီကိုင်လမ်းလျှောက်နေရတယ်” လို့ တင်ထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဂျေညီညီက ကွယ်လွန်ချိန်မှာ အသက် ၇၂ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဇနီး နဲ့ သားဖြစ်သူကျန်ရစ်ခဲ့ပါတယ်။

“U J Nyi Nyi ကွယ်လွန်ကြောင်းကြားသိရ၍ မိသားစုနဲ့ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ် ကောင်းရာသုဂတိလားပါစေ အဝေးကနေပဲကန်တော့လိုက်ပါတယ်” လို့ အဆိုတော် Rဇာနည်က ကရေးသားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရက္ခိုင်နိုင်ငံရေးသမား ဦးဦးလှစောသည် နိုင်ငံရေးသမား များ၌အရေးကြီးသည့် အဖက်ဖက် မျှတွေးတက်သည့် လေးစားစရာ နိုင်ငံရေးသမားတစ်ဦးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

သတင်း

အနုပညာနဲ့ပတ်သက်ရင် ရိုးသားသူလို့ အသိအမှတ်ပြုခံထားရတဲ့ အဆိုတော် ဂျေညီညီရဲ့ နာရေးကို ဒီကနေ့ ဧပြီ ၂ ရက်နေ့လည်က ရေဝေးသုဿန်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

'ကမ္ဘာမကြေဘူး'သီချင်းအပါအဝင် အနုပညာဖြင့် အာဏာရှင်ကိုတော်လှန်ခဲ့သည့် တေးရေးနိုင်မြန်မာသည် ယနေ့(ဖေဖော်ဝါရီ ၇ရက်) နံနက်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားကြောင်း ၎င်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။

သတင်း

ဦးစိန်လင်းသည် မန္တလေးအိုးဘိုအကျဥ်းထောင်တွင် နိုင်ငံရေးပုဒ်မများဖြင့် ထောင်ဒဏ်(၂၇)နှစ်အထိ မတရားနှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသူဖြစ်သည်။