Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၁)နယ်မြေကိုစစ်ကောင်စီတပ်စစ်ဆင်ရေးလုပ်ရန် အင်အား စုဖွဲ့ပြင်ဆင်နေ

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာပါက သက်ဆိုင်ရာ KNLA တပ်ရင်းတပ်ဖွဲ့များ၊ PDFများက ခုခံရန် ပြင်ဆင်ထားကြောင်းလည်း အသိပေးသည်။

KNU တပ်မဟာ(၁)နယ်မြေကိုစစ်ကောင်စီတပ်စစ်ဆင်ရေးလုပ်ရန် အင်အား စုဖွဲ့ပြင်ဆင်နေ
KNU တပ်မဟာ(၁)နယ်မြေကိုစစ်ကောင်စီတပ်စစ်ဆင်ရေးလုပ်ရန် အင်အား စုဖွဲ့ပြင်ဆင်နေ

▪︎သိမ်ဇရပ်အမြောက်တပ်က တာဝေးပစ် လက်နက်ကြီးများ စမ်းသပ်ပစ်ခတ်

▪︎KNLAနှင့် PDF များက ခုခံရန် ပြင်ဆင်ထား၍ တိုက်ပွဲများ ပြင်းထန်လာနိုင်၊ ပြည်သူများ သတိဖြင့် နေထိုင်ရန် အသိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင်အတွင်း စစ်ကောင်စီတပ်က စစ်ဆင်ရေးပြုလုပ်ရန် တပ်ရင်း ၃ရင်းဖြင့် စုဖွဲ့ပြင်ဆင်နေကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မှူးတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းနှင့် ယာဉ်တန်းများ၊စစ်ကောင်စီတပ်စခန်းများကို ပြောက်ကျား တိုက်ခိုက်မှု လုပ်ဆောင်နေသည့် တပ်မဟာ(၁)နယ်မြေကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်ရန် ပြင်ဆင်နေခြင်းကြောင့် တိုက်ပွဲကြီးများ ဖြစ်လာနိုင်သည်ဟု ၎င်းကဆက်​ပြောသည်။

“အဲဒါဟုတ်တယ်။ ကျိုက်ထိုမြို့နယ်ထဲမှာပေါ့။ သူတို့တွေက လက်ပံပင်ရွာဘက်မှာ မနေ့တုန်းက ရောက်နေတာ။ သူတို့တပ်ရင်းတွေ။စစ်ကြောင်းထိုးမယ်လို့အဲဒီလိုကြားရတယ်။

နောက်ပြီးတော့ မနေ့က မနက် ၉နာရီ ၁၈မိနစ်မှာ သိမ်ဇရပ်က အမြောက်တပ်က လက်နက်ကြီး ၇ချက်ပစ်တယ်။ လက်နက်ကြီးကျည်က ဟောင်ဝစ်ဇာလက်နက်ကြီး လို့ တချို့က အဲဒီလို ပြောတယ်။အဲဒီလက်နက်ကြီးက ကျောက်ဖျာတို့။ ကျောက်ညှပ်တို့ဘက်မှာ ကျတယ်။လူအထိအခိုက်တော့ မရှိဘူးလို့ပြောတယ်” ဟု KNLA တပ်မှူးက ပြောသည်။

Public Service Announcement

Public Service Announcement

KNU သထုံခရိုင်းအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်မှုများ ယခင်ကတည်းကပြုလုပ်ခဲ့ထူးပြီး ယခုအကြိမ်တွင်တာဝေးပစ်အမြောက် များ အသုံးပြု ပစ်ခတ်လာခြင်း ဖြစ်သည်၎င်းက​ပြောသည်။

“အဲဒီနေရာမှာ ၁ရက်နေ့က စပြီး စစ်ကြောင်းထိုး နယ်မြေရှင်းဖို့ သူတို့ မွှေဖို့ ပေါ့။ ကျနော်တို့ သိရသလောက်က သူတို့ နယ်မြေခံကနေပြီးတော့ ရိုးရိုးနယ်မြေရှင်းလင်းရေး မဟုတ်ဘူး။ အထက်က ညွှန်ကြားတာဖြစ်မယ် တိုင်းကနေ တပ်မမှူးကို ညွှန်ကြားပြီးတော့ နယ်မြေရှင်းလင်းရေးအတွက်ပေါ့။

ပြီးခဲ့တဲ့လတုန်းက ကျိုက်ထီးရိုးမှာ တောင်တက်ကားဂိတ်ကနေ ဖြစ်တဲ့ကိစ္စကနေ ပြီးတော့ ဘုရားဖူးတွေက မသွားကြတော့ဘူးလေ။ မသွားကြတဲ့အခါ ဘုရားဖူးတွေ နည်းတဲ့အခါ အဲဒီနယ်မြေကို သူတို့စစ်ကြောင်းထိုးပြီး ရှင်းမှာပေါ့ အဲဒီလို အစီအစဉ် အဲဒီလို သိရတယ်” ဟု KNLA တပ်မှူးက ပြောသည်။

ထိုသို့ထိုးစစ်ဆင်ရန် စစ်ကောင်စီ၏ ခလရ (၂)၊ ခမရ(၈၊ ခမရ (၂၀၇) တပ်မှ နောက်ချန် အင်အားများ ပေါင်းပြီး စစ်ဆင်ရေးလုပ်မည်ဟု ကြားရကြောင်း ၎င်းကဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလက ကျိုက်ထိုရှိ ကျိုက်ထီးရိုးတောင်တက်ဂိတ်အနီးတွင် စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ကရမ်းသန်း ပစ်ခတ်ခဲ့၍ အရပ်သားများထိခိုက်သေဆုံးမှုရှိခဲ့သည်။

ထို့ကြောင့် စစ်ကောင်စီတပ် ထိုးစစ်ဆင်လာပါက ဒေသတွင်းရှိ ပြည်သူများ သတိဖြင့်နေထိုင်သွားလာကြရန် KNLA တပ်မှူးက အသိပေးသည်။

“အဲဒီနေရာမှာ ရှင်းမယ်ဆို ရွာထဲကို ဝင်မယ် တောထဲကို သွားမယ်။ ရွာထဲမှာ ပြည်သူလူထုတွေကလည်း သတိဝိရိယနဲ့ ရှိဖို့လိုတာပေါ့။ သွားတာလာတာ ဆင်ခြင်ပေါ့။ ရွာထဲမှာ ရွာပြင်မှာ တွေ့လို့ ဖမ်းပြီးတော့ တခါတည်းတော်လှန်ရေး

သမားလား PDF လား စွပ်စွဲပြီး ဖမ်းဆီးပြီးတော့ သတ်တာတို့ ဘာတို့ လုပ်တာတွေလည်း သူတို့ လုပ်နေတာပဲ။ ရွာထဲမှာလည်း ဝင်မှာပဲ တောထဲမှာလည်း သွားလာနေမှာပဲ။ ပြည်သူတွေက သတိဝိရိယနဲ့ အသွားအလာ ဆင်ခြင်ပြီးနေဖို့တော့လိုတာပေါ့” ဟု ၎င်းက အကြံပြုသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာပါက သက်ဆိုင်ရာ KNLA တပ်ရင်းတပ်ဖွဲ့များ၊ PDFများက ခုခံရန် ပြင်ဆင်ထားကြောင်းလည်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။