Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိကျေးရွာများကို ကရင်နီတပ်များ စစ်ဆင်ရေးဆင်နွှဲပြီး နယ်မြေရှင်းလင်းရေးပြုလုပ်

“နယ်မြေ ပြန်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်တဲ့အတွက် ရဲဘော်အချို့ ထိခိုက်မှုနဲ့ ကျဆုံးမှုတော့ရှိခဲ့တယ်။စကစဘက်က ထိခိုက်သေဆုံးမှုကိုလည်း စစ်ရေးသတင်းထုတ်ပြန်တဲ့အခါမှာ အသေးစိတ်ထုတ်ပြန်ပါလိမ့်မယ်”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

(နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေကြသော ကရင်နီတပ်များမှ ရဲဘော်များနှင့် စစ်ကောင်စီတပ်သားများ၏ အသုံးအဆောင်ပစ္စည်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)
(နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေကြသော ကရင်နီတပ်များမှ ရဲဘော်များနှင့် စစ်ကောင်စီတပ်သားများ၏ အသုံးအဆောင်ပစ္စည်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)

စစ်ကောင်စီတပ်စွဲထားခဲ့သည့် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ ကုန်းသာ၊သေးဆူလဲ၊ပူဖားနှင့်ဒေါကမီးကျေးရွာများကို ပူးပေါင်းစစ်ဆင်ရေးဆင်နွှဲပြီး နယ်မြေရှင်းလင်းနိုင်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဒီဇင်ဘာ ၃ ရက်) ထုတ်ပြန်သည်။

နိုဝင်ဘာ ၂၈ရက်ကစ၍ KNDFဦးဆောင်၍ ကရင်နီတပ်မတော်(KA) ၊အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့၊ DMO PDF၊ Loikaw PDFတို့နှင့်အတူ အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားသော ဒီးမော့ဆိုမြို့နယ် ကုန်းသာ၊သေးဆူလဲ၊ပူဖားနှင့်ဒေါကမီးကျေးရွာများတွင် ပူးပေါင်းစစ်ဆင်ရေးတစ်ရပ်ဆင်နွဲခဲ့ခြင်းဟု ဆိုသည်။

ကရင်နီပူးပေါင်းတပ်ဖွဲ့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များသည် ၎င်းတို့ တပ်စွဲထားသော ကျေးရွာများမှဆုတ်ခွာခဲ့သဖြင့် အဆိုပါကျေးရွာများကို KNDFနှင့် ပူးပေါင်းတပ်ဖွဲ့များမှ နယ်မြေရှင်းလင်းနိုင်ခဲ့ပြီး ကုန်းသာကျေးရွာတွင် KRUတပ်များနေရာယူနိုင်ရန် နေရာချထားပေးခဲ့ကြောင်း ဖော်ပြသည်။

“နယ်မြေ ပြန်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်တဲ့အတွက် ရဲဘော်အချို့ ထိခိုက်မှုနဲ့ ကျဆုံးမှုတော့ရှိခဲ့တယ်။စကစဘက်က ထိခိုက်သေဆုံးမှုကိုလည်း စစ်ရေးသတင်းထုတ်ပြန်တဲ့အခါမှာ အသေးစိတ်ထုတ်ပြန်ပါလိမ့်မယ်”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာ၊သေးဆူလဲ၊ပူဖားနှင့်ဒေါကမီးအထိအကြမ်းဖက်စစ်ကောင် စီတပ်များကို တိုက်ထုတ်နိုင်ခဲ့သော်လည်း အဆိုပါကျေးရွာများတွင် စစ်ဆင်ရေးမပြီးပြတ်သေးခြင်းမြေမြုပ်မိုင်းအန္တရာယ်ရှိနေခြင်းနှင့် လက် နက်ကြီးများ ကျရောက်သည့်အပြင် တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်ကြောင်း အသိပေးသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် အဆိုပါကျေးရွာများသို့ အစောတလျင် ပြန်လည်ဝင်ရောက်နေထိုင်ခြင်း လုံးဝမပြုလုပ်ကြရန်လည်း KNDF က အထူးတိုက်တွန်းသည်။

(နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေကြသော ကရင်နီတပ်များမှ ရဲဘော်များနှင့် စစ်ကောင်စီတပ်သားများ၏ အသုံးအဆောင်ပစ္စည်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)
(နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေကြသော ကရင်နီတပ်များမှ ရဲဘော်များနှင့် စစ်ကောင်စီတပ်သားများ၏ အသုံးအဆောင်ပစ္စည်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ – KNDF)

ဒီဇင်ဘာ ၂ ရက်က သေးဆူလဲကျေးရွာအတွင်းသို့ နေရပ်ပြန်ရောက်နေထိုင်သော ပြည်သူတစ်ဦး စစ်ကောင်စီတပ်မှ ထောင်ထားသော မြေမြုပ်မိုင်းနင်းမိပြီး အသက်ဆုံးရှုံးခဲ့သည်။

ထို့ကြောင့် KNDFမှ ထုတ်ပြန်သည့် စစ်ရေးသတင်းမျာကို ဂရုစိုက်စောင့်ကြည့်ပေးပါရန် မေတ္တာရပ်ခံထားသည်။

စစ်ကောင်စီတပ်သည် ယခုနှစ် နှစ်ဆန်းပိုင်းကစ၍ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ နန်းမယ်ခုံမြို့အထိ အင်အားအလွန်အကျွံအသုံးပြု၍ ထိုးစစ်ဆင်ခဲ့ပြီး ဝင်ရောက်တပ်စွဲခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

လတ်တလော အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ ကျဆုံး အမေရိကန် စစ်သည်တွေကို ဂုဏ်ပြုခြင်းလည်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။