Connect with us

Hi, what are you looking for?

သတင်း

တရုတ်သမ္မတဟောင်းကွယ်လွန်ခြင်းအပေါ် NUG ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

ယနေ့(ဒီဇင်ဘာ ၃ရက်) နေ့စွဲဖြင့်ပေးပို့သည့်သဝဏ်လွှာသည် လက်ရှိတရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိထံသို့ လိပ်မူပေးပို့ ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တရုတ်သမ္မတဟောင်းကွယ်လွန်ခြင်းအပေါ် NUG ဝမ်းနည်းကြောင်း သဝဏ်လွှာပို့
တရုတ်သမ္မတဟောင်းကွယ်လွန်ခြင်းအပေါ် NUG ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က တရုတ်သမ္မတဟောင်း ကျန်ဇီမင်းကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ယနေ့(ဒီဇင်ဘာ ၃ရက်) နေ့စွဲဖြင့်ပေးပို့သည့်သဝဏ်လွှာသည် လက်ရှိတရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိထံသို့ လိပ်မူပေးပို့ ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တရုတ်သမ္မတဟောင်း ကျန်ဇီမင်းကွယ်လွန်ခဲ့ရခြင်းသည် တန်ဖိုးမဖြတ်နိုင်သည့်ဆုံးရှုံးမှု တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံသူ၊နိုင်ငံသားများနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့သည်လည်း တရုတ်ပြည်သူပြည်သားများနည်းတူ ထပ်တူထပ်မျှကြေကွဲဝမ်းနည်းရကြောင်း သဝဏ်လွှာ၌ ဖော်ပြသည်။

တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးဟောင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတဟောင်း ကျန်ဇီမင်းသည် နိုဝင်ဘာ ၃၀ ရက်က ကွယ်လွန်ဆုံးပါးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာ

လူသိများတဲ့ ခွေးလေးတစ်ကောင် အခိုးခံရပြီး ချက်စားခံလိုက်ရတဲ့ ဖြစ်စဉ်အပြီး တရုတ်နိုင်ငံက ခွေးသား ရောင်းဝယ် ဖောက်ကားမှုနဲ့ ပတ်သက်တဲ့ အငြင်းအခုံတွေ တကျော့ပြန် ဆူညံလာခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။