အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က တရုတ်သမ္မတဟောင်း ကျန်ဇီမင်းကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
ယနေ့(ဒီဇင်ဘာ ၃ရက်) နေ့စွဲဖြင့်ပေးပို့သည့်သဝဏ်လွှာသည် လက်ရှိတရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိထံသို့ လိပ်မူပေးပို့ ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
တရုတ်သမ္မတဟောင်း ကျန်ဇီမင်းကွယ်လွန်ခဲ့ရခြင်းသည် တန်ဖိုးမဖြတ်နိုင်သည့်ဆုံးရှုံးမှု တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံသူ၊နိုင်ငံသားများနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့သည်လည်း တရုတ်ပြည်သူပြည်သားများနည်းတူ ထပ်တူထပ်မျှကြေကွဲဝမ်းနည်းရကြောင်း သဝဏ်လွှာ၌ ဖော်ပြသည်။
တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးဟောင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတဟောင်း ကျန်ဇီမင်းသည် နိုဝင်ဘာ ၃၀ ရက်က ကွယ်လွန်ဆုံးပါးခဲ့ခြင်းဖြစ်သည်။