Connect with us

Hi, what are you looking for?

News

ပြည်သူ့တော်လှန်ရေးစစ်သည်အားလုံး လိုက်နာရမယ့် စည်းကမ်းချက် (၇)ချက် NUG ထုတ်ပြန်

သုံ့ပန်းတွေကို ညှင်းပန်းခြင်း၊ သတ်ဖြတ်ခြင်းမပြုဖို့၊ သင့်လျော်တဲ့နေရာမှာ ထိန်းသိမ်းထားဖို့၊ မိမိရဲမေတွေအပေါ်ဖြစ်စေ၊ အရပ်သူအမျိုးသမီးတွေအပေါ်ဖြစ်စေ လိင်ပိုင်းဆိုင်ရာ ထိပါး နှောင့်ယှက်ခြင်းမပြုဖို့လည်း တားမြစ်ထုတ်ပြန်ပါတယ်။

ပြည်သူ့တော်လှန်ရေးစစ်သည်အားလုံး စစ်မြေပြင်မှာလိုက်နာရမယ့် စည်းကမ်းချက် (၇) ချက်ကို အမျိုး သားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

အထက်အမိန့်ကို နာခံဖို့၊ မိမိတပ်ဖွဲ့အပေါ် သစ္စာရှိဖို့၊ မိမိလက်နက်ကို မိမိအသက်ကဲ့သို့တန်ဖိုးထားဖို့၊ အရေးပေါ်လိုအပ်ချက်အရ အရပ်သားပြည်သူပိုင်ပစ္စည်းတွေကို အသုံးပြုရပါက တန်ရာ တန်ဖိုးပေးဖို့ အချက်တွေပါဝင်ပါတယ်။

ဒါ့အပြင် သုံ့ပန်းတွေကို ညှင်းပန်းခြင်း၊ သတ်ဖြတ်ခြင်းမပြုဖို့၊ သင့်လျော်တဲ့နေရာမှာ ထိန်းသိမ်းထားဖို့၊ မိမိရဲမေတွေအပေါ်ဖြစ်စေ၊ အရပ်သူအမျိုးသမီးတွေအပေါ်ဖြစ်စေ လိင်ပိုင်းဆိုင်ရာ ထိပါး နှောင့်ယှက်ခြင်းမပြုဖို့လည်း တားမြစ်ထုတ်ပြန်ပါတယ်။

ရန်သူ့ဆီကနေ သိမ်းဆည်းရမိတဲ့ငွေ၊ လက်နက်၊ ပစ္စည်းတွေကို ဆိုင်ရာတပ်မှူးထံ စာရင်းနဲ့တကွအပ်နှံရမယ်လို့လည်း ညွှန်ကြားထားပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူ့တော်လှန်ရေးစစ်သည်အားလုံးအထက်ပါစည်းမျဉ်းစည်းကမ်းတွေကို အစဉ်လိုက်နာစေ ရေးအတွက် ဆိုင်ရာတပ်မှူးတွေက နှိုးဆော်ကြပ်မတ်ရမယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook