Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနှင့် မတ္တရာတွင် စစ်ကြောင်းထိုးနေသော စစ်အုပ်စုကို တိုက်ခိုက်ခံရပြီး ခဲယမ်းအချို့သိမ်းဆည်းရမိ

ဒီဇင်ဘာ ၂ရက် နံနက်၅နာရီ၀န်းကျင်က စစ်ကိုင်းတပ်မ(၃၃)မှ စစ်ကောင်စီစစ်ကြောင်းသည် စစ်ကိုင်းမြို့နယ်နှင့် မတ္တရာမြို့နယ်ဘက်ခြမ်းကျေးရွာများသို့ အင်အား(၁၀၀)ကျော်ဖြင့်စစ်ကြောင်းထိုးကာ မွှေနှောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

သိမ်းဆည်းရမိသော စစ်ကောင်စီ၏ ခဲယမ်းအချို့နှင့် ခြင်းကျားတစ်လုံးအား တွေ့ရစဥ်၊ ဓာတ်ပုံ-ကောင်းကင်တော်လှန်ရေးအင်အားစု
သိမ်းဆည်းရမိသော စစ်ကောင်စီ၏ ခဲယမ်းအချို့နှင့် ခြင်းကျားတစ်လုံးအား တွေ့ရစဥ်၊ ဓာတ်ပုံ-ကောင်းကင်တော်လှန်ရေးအင်အားစု

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်နှင့် မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို အလစ်ဝင်တိုက်ခိုက်ရာ စစ်ကောင်စီအရာရှိတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ခဲယမ်းအချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း ကောင်းကင်တော်လှန်ရေး အင်အားစုက သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၂ရက် နံနက်၅နာရီ၀န်းကျင်က စစ်ကိုင်းတပ်မ(၃၃)မှ စစ်ကောင်စီစစ်ကြောင်းသည် စစ်ကိုင်းမြို့နယ်နှင့် မတ္တရာမြို့နယ်ဘက်ခြမ်းကျေးရွာများသို့ အင်အား(၁၀၀)ကျော်ဖြင့်စစ်ကြောင်းထိုးကာ မွှေနှောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါစစ်ကြောင်းကို ဒီဇင်ဘာ ၃ရက် နံနက်၈နာရီခန့်တွင် ပြင်ဦးလွင်ခရိုင်(ပကဖ) မတ္တရာမြို့နယ် ကောင်းကင်တော်လှန်ရေး အင်အားစုများနှင့် နယ်မြေခံ(ပကဖ)တပ်ဖွဲ့များ ပူးပေါင်း၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုမသိရသေးဟု ကောင်းကင်တော်လှန်ရေး အင်အားစုက အသိပေးသည်။

ဆက်လက်ပြီး စစ်ကြောင်းဆက်ထိုးလာသော စစ်ကောင်စီရှေ့ပြေးအဖွဲ့တစ်ဖွဲ့ ရွာအတွင်းသို့ဝင်ချိန် ကောင်းကင်တော်လှန်ရေးအင်အားစု၊ နဂါးနီပြောက်ကျားတပ်ဖွဲ့က အလစ်၀င်တိုက်ရာ စစ်ကောင်စီအရာရှိတစ်ဦးနှင့် တပ်သားတစ်ဦးအား အနီးကပ်၀င်‌ရောက်ပစ်ခတ်ရှင်းလင်းနိုင်ခဲ့သ​ည်ဟု ကောင်းကင်တော်လှန်ရေး အင်အားစုက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီဘက်က 5.56 ကျည် အတောင့် ၄၀၊ (၄၀)မမ ကျည် လေးလုံး၊ ခြင်းကျားတစ်လုံးနှင့် အသုံးဆောင်ပစ္စည်းအချို့ပါသိမ်းဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ကောင်းကင်တော်လှန်ရေး အင်အားစုထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိပေ။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် နိုဝင်ဘာအတွင်းကလည်း စစ်ကိုင်းနှင့် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများအား စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

Facebook